Connect with us

Economy

တရုတ်နိုင်ငံ၏ Guangxi ရှေးပြေး လွတ်လပ်သော ကုန်သွယ်ရေးဇုန်က ဒေါ်လာ ၂ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Qinzhou ဆိပ်ကမ်း၏ အပေါ်စီးမှ မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi ရှေးပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်(FTZ) သည် တရုတ်ယွမ် ၁၃.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) တန်ဖိုးရှိသော စုစုပေါင်း နှစ်ဖက်သဘောတူညီချက် ရင်းနှီးမြှုပ်နှံမှုပမာဏ နှင့်အတူ စုစုပေါင်း စီမံကိန်း ၁၇ ခုအတွက် ဇူလိုင် ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများထဲတွင် အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာ ၊ အစိမ်းရောင်စွမ်းအင် ၊ ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မှုများ ၊ ခေတ်မီဝန်ဆောင်မှုများ ၊ သစ်တောဂေဟစနစ် နှင့် ကုန်စည်ပို့ဆောင်ရေးများ စတဲ့ကဏ္ဍစုံ ပါဝင်ကြောင်း သိရသည်။

၎င်းတို့က တရုတ်နိုင်ငံ ၏ Guangxi ရှေးပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန် နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အကြား နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်းကွင်းစက်ပံ့ပိုးခြင်း ၊ တန်ဖိုးမြင့်ကုန်စည်ကွင်းစက်ပံ့ပိုးခြင်း နှင့် ပို့ကုန်ကွင်းစက်ပံ့ပိုးခြင်းများအတွက် အရှိန်မြှင့်တင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများအနက် နိုင်ငံရပ်ခြားငွေကြေးမတည်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆ ခုသည် စုစုပေါင်း နှစ်ဖက်သဘောတူညီချက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၂၀ ရှိကြောင်း သိရသည်။

ဇွန်လကုန်ပိုင်းအရောက်တွင် Guangxi ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန် (FTZ)၌ လုပ်ငန်းပေါင်း ၃၇,၀၀၀ ထိ လည်ပတ်လုပ်ကိုင်နေမည်ဖြစ်ပြီး ယင်းကုန်သွယ်ရေးဇုန်အား စတင်မတည်ထောင်မီကကာလထက် ၁၀ ဆပိုမိုများပြားနေမည်ဖြစ်ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။(Xinhua)

——————————————–
(English Version)

Guangxi’s pilot FTZ signs 2 bln USD investment deals

NANNING, July 18 (Xinhua) — A total of 17 projects were signed Sunday in the pilot free trade zone (FTZ) of south China’s Guangxi Zhuang Autonomous Region with a total contractual investment of 13.1 billion yuan (about 2 billion U.S. dollars).

The investment projects cover sectors of electronic information, green energy, performing arts culture, modern services, ecological forestry and logistics.

They will help accelerate the establishment of cross-border industrial chain, value chain and supply chain between Guangxi’s pilot FTZ and the Association of Southeast Asian Nations (ASEAN).

Among these projects, six foreign-funded investment deals have a total contractual investment of 920 million U.S. dollars.

By the end of June, 37,000 enterprises had been set up in Guangxi’s Pilot FTZ, 10 times the number before the zone was established, official data showed

Aerial photo taken on Nov. 19, 2020 shows a cargo ship leaving a berth of the Qinzhou Port in south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)