Connect with us

China

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၌ ပင်လယ်ကျွန်းဥယျာဉ်များ တည်ဆောက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းဘိုမြို့ Xiangshan ကောင်တီ Shatangwan ကျေးရွာအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့် ဒေသများအနက် ပင်လယ်ကျွန်း အများဆုံး တည်ရှိသည့် နိုင်ငံ အရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် လှပသောကျွန်းအချို့ကို ခရီးသွားများ ဆွဲဆောင်ရန် တည်ဆောက်နေကြောင်း သိရသည်။
ကျဲ့ကျန်းပြည်နယ်ရှိ ကမ်းလွန်ကျွန်းများဖြစ်သည့် Xiangshan နှင့် Putuo ကျွန်းများအပါအဝင် ကမ်းလွန်ကျွန်း ၁၀ ခုအား ဥယျာဉ်များအဖြစ်သို့ ပြောင်းလဲရန် တည်ဆောက်လျက် ရှိကြောင်း ကျဲ့ကျန်းပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းဌာနထံမှ သိရသည်။
ယင်းစီမံကိန်းများသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ပြီးစီးရန် လျာထားကြောင်း ကျဲ့ကျန်းပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းဌာနက ပြောကြားခဲ့သည်။
အဆိုပါဥယျာဉ်များသည် ဒေသခံများအတွက် အလုပ်အကိုင် ၂၀၀,၀၀၀ ခန့် ထောက်ပံ့ပေးနိုင်ပြီး စီမံကိန်းပြီးစီးပြီးနောက် နှစ်စဉ် လာရောက်လည်ပတ်သူ သန်း ၁၀၀ အထိ လက်ခံနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကျဲ့ကျန်းပြည်နယ်သည် ပင်လယ်ကျွန်းဥယျာဉ်များ တည်ဆောက်ရန် ၂၀၁၉ ခုနှစ်တွင် ကြေညာခဲ့သည်။ ယခုချိန်ထိ တည်ဆောက်ရေးစီမံကိန်းများတွင် ယွမ် ဘီလီယံ ၁၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
China’s Zhejiang to build sea island parks
HANGZHOU, Aug. 30 (Xinhua) — East China’s Zhejiang Province, which boasts the most sea islands among the country’s provincial-level regions, is building some of its scenic islands into tourist draws in efforts to boost its tourism sector.
Construction is underway to transform 10 islands off the coast of Zhejiang, including Xiangshan and Putuo, into parks, according to the Zhejiang provincial culture and tourism department.
The projects are scheduled to be completed by the end of 2022, the department said.
The parks are expected to provide about 200,000 jobs for local residents and receive up to 100 million visitors annually after completion.
Zhejiang announced plans to build sea island parks in 2019. So far, more than 100 billion yuan (about 15.5 billion U.S. dollars) has been invested in construction projects. ■
Photo – Photo taken on Sept. 16, 2020 shows a view of Shatangwan Village, Xiangshan County, Ningbo City of east China’s Zhejiang Province. (Xinhua/Jiang Han)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.