Connect with us

Social, Education & Health

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အွန်လိုင်းလက်လီရောင်းချမှု မြင့်တက်

ဟန်ကျိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း e-commerce အချက်အချာနေရာဖြစ်သော ကျဲ့ကျန်းပြည်နယ်တွင် ယခုနှစ် ပထမ ၁၀ လအတွင်း အွန်လိုင်းလက်လီရောင်းချမှုတွင် မြင့်တက်လာသည်ကို တွေ့ရသည်။ပြည်နယ်ရှိ အွန်လိုင်းလက်လီရောင်းချမှုသည် ယင်းကာလ၌ ယွမ် ၁.၈၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၈၈.၃ ဘီလီယံခန့်) ရောက်ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဌာနမှ အချက်အလက်တွင် ဖော်ပြထားသည်။

e-commerce လုပ်ငန်းကြီးဖြစ်သော Alibaba လုပ်ငန်းတည်ရှိရာ အဆိုပါ ပြည်နယ်ရှိ ဒေသခံများသည် ဇန်နဝါရီမှ အောက်တိုဘာအထိ အွန်လိုင်းရှော့ပင်း (online shopping) အတွက် ယွမ် ၉၅၃.၇၄ ဘီလီယံနီးပါး သုံးစွဲခဲ့ရာ ယမန်နှစ်ကထက် ၁၄.၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

အဝတ်အစားများ၊ ဖိနပ်များနှင့် အိတ်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ကွန်ပျူတာများနှင့် ဆက်သွယ်ရေးနှင့် စားသုံးသူ လျှပ်စစ်ပစ္စည်းများမှာ အွန်လိုင်းရောင်းချမှုအရ ထိပ်တန်းပစ္စည်းအမျိုးအမည်များတွင် ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အွန်လိုင်းလက်လီရောင်းချမှုမှာ ယင်းကာလ၌ ယမန်နှစ်ကထက် ၁၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁၀.၃၈ ထရီလီယံခန့်ရောက်ရှိခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို (NBS) မှ အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………………………

(English Version)

China’s Zhejiang registers surging online retail sales in Jan.-Oct.

HANGZHOU, Nov. 20 (Xinhua) — Zhejiang Province, an e-commerce heartland in east China, saw a robust increase in online retail sales in the first ten months of this year.

The online retail sales of the province in the period reached 1.84 trillion yuan (about 288.3 billion U.S. dollars), up 12 percent from the same period last year, data from the provincial department of commerce showed.
Home to the e-commerce giant Alibaba, residents in the province spent nearly 953.74 billion yuan on online shopping from January to October, up 14.7 percent year on year.

Clothes, shoes and bags, home decorations, computers, and communication and consumer electronics ranked in the top categories in terms of online sales.

In the period, the country’s online retail sales rose 17.4 percent year on year to reach approximately 10.38 trillion yuan, data from the National Bureau of Statistics (NBS) showed. Enditem

Photo : An online saleswoman works in a children’s wear company in Zhili Town of Huzhou City in east China’s Zhejiang Province on Nov. 10, 2018. (Xinhua/Xu Yu)