Connect with us

China

တရုတ်နိုင်ငံ ကွေ့ယန်မြို့ ၌ ခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားတွင် သေဆုံးသူ ၉ ဦးထိ မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်တွင် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွေ့ယန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွင်းရှိ မြစ်တစ်စင်းထဲတွင် ခရီးသည်တင်သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီအထိ သေဆုံးသူ ၉ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်တွင် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းမတော်တဆမှုသည် Liupanshui မြို့ Zangke မြို့နယ်အတွင်းရှိ Zangke မြစ်တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောသည် ခရီးသည် ၄၀ ဦးတင်ဆောင်နိုင်ပြီး အခင်းဖြစ်ပွားချိန်တွင် သတ်မှတ်ဝန်အားထက် လူပိုမိုတင်ဆောင်ထားကြောင်း သိရသည်။

သို့သော် သင်္ဘောပေါ်တွင် ခရီးသည်အရေအတွက် အတိအကျ မည်မျှ လိုက်ပါသွားသည်ကို တာဝန်ရှိသူများက အတည်ပြုထားခြင်း မရှိသေးပေ။ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီအထိ ခရီးသည် အယောက် ၄၀ ကို ကယ်ဆယ်ထားနိုင်ပြီး ယင်းတို့အနက် ၃၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်အခြေအနေတွင် မရှိကြောင်း နှင့် ကယ်ဆယ်နေချိန်တွင် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း သိရသည်။ အခြား လူ ၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၊ ခရီးသည်အများစုမှာ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
9 killed, 7 missing after passenger ship overturns in China’s Guizhou
GUIYANG, Sept. 19 (Xinhua) — Eight people were killed, and seven others remained missing as of 8:10 a.m. Sunday after a passenger ship overturned in a river in southwest China’s Guizhou Province, according to local authorities.

The accident happened at 4:50 p.m. on Saturday in Zangke River in Zangke Township in the city of Liupanshui.
The ship, which had a capacity of 40 people, was overloaded when the accident happened. Authorities have yet to confirm the exact number of passengers who were on board.
As of 11 a.m. Sunday, 40 people were rescued from the river, with 31 in non-life-threatening conditions, and nine died after being rescued. Six others are still missing. Most of the passengers were students.
A total of 17 rescue teams and 50 boats have been dispatched to join the search and rescue operation, and an investigation into the cause of the accident is underway. Enditem

Photo taken on Sept. 19 shows a rescue operation underway after a passenger ship overturned in southwest China’s Guizhou Province. (Xinhua/Ou Dongqu)