Connect with us

Science & Technology

တရုတ်နိုင်ငံ ချုံချင့်ဒေသ၌ မောင်းသူမဲ့ ဘတ်စ်ကားများ စီးပွားဖြစ် စမ်းသပ်ပြေးဆွဲမှုများ စတင်

ချုံချင် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသ၌ တရုတ်နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Baidu က ထုတ်လုပ်သည့် မောင်းသူမဲ့ ဘတ်စ်ကား ၃ စီးအား စီးပွားဖြစ် စမ်းသပ်ပြေးဆွဲမှုများ စတင်ခဲ့ကြောင်း သိရသည်။ Robobus ဟု အမည်ပေးထားသည့် ယင်းဘတ်စ်ကားများသည် အရှည် ၅ ဒသမ ၉ မီတာ ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၄၀ ခန့်ဖြင့် မောင်းနှင်နိုင်သည်။ ယင်းဘတ်စ်ကားများတွင် အဆင့် ၄ အလိုအလျောက်စနစ်သုံး နည်းပညာတပ်ဆင်ထည့်သွင်းထားသည်။အဆိုပါ ဘတ်စ်ကားများသည် ယင်းတို့ကိုယ်တိုင် ရပ်တန့်နိုင်ပြီး ရှုပ်ထွေးသည့် မြို့ပြလမ်းကြောများတွင် သွားလာနိုင်ကြောင်း နှင့် ပုံမှန်ဘတ်စ်ကားလုပ်ငန်းများ၏ လိုအပ်ချက်များအား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ကြောင်း Baidu ကုမ္ပဏီက ပြောကြားခဲ့သည်။ ယင်းဘတ်စ်ကားများသည် အသွားအပြန် ခရီးစဉ် ၁၀ ကီလိုမီတာနီးပါး ပြေးဆွဲနိုင်ကြောင်း ကုမ္ပဏီက ထည့်သွင်းပြောကြားခဲ့သည်။
ဒေသခံများအနေဖြင့် မျက်နှာပြင်မှတ်သားခြင်းနည်းပညာ (facial recognition) ၊ IC ကတ်များ သို့မဟုတ် Alipay တို့ဖြင့် ဘတ်စ်ကားအား စီးနင်းအသုံးပြုနိုင်ကြောင်း သိရသည်။

ချုံချင့်ဒေသရှိ Baidu ကုမ္ပဏီ အလိုအလျောက်မောင်းနှင်မှုဌာန၏ ဘေးကင်းလုံခြုံရေးအရာရှိတစ်ဦး ဖြစ်သူ Zhang Shangui က အလိုအလျောက်မောင်းနှင်သည့် ဘတ်စ်ကားများအား ချုံချင့် ၊ ကွမ်ကျိုး နှင့် အခြားမြို့များတွင် စတင်ပြေးဆွဲနေကြပြီ ဖြစ်ကြောင်း ၊ ချုံချင့်ဒေသသည် စီးပွားဖြစ်ပြေးဆွဲမှုများအား လေ့လာဖော်ထုတ်ရန် အစောပိုင်းမြို့တစ်မြို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)

Self-driving buses start trial commercial operation in China’s Chongqing

CHONGQING, Dec. 4 (Xinhua) — Three self-driving buses developed by Chinese tech giant Baidu have started trial commercial operation in southwest China’s Chongqing Municipality.

The buses, named Robobus, are 5.9 meters long and have a cruising speed of about 40 km per hour. They are equipped with Level 4 automation technology.

The buses can stop by themselves, navigate complex urban road conditions and fully meet the needs of normal bus operation, said Baidu, adding that they run on a round trip of nearly 10 km.

Residents can use facial recognition, IC cards or Alipay to take the bus.
Zhang Shangui, a safety officer of Baidu’s autonomous driving unit in Chongqing, said that autonomous buses have been put into operation in Chongqing, Guangzhou, Cangzhou and other cities, and Chongqing is one of the earliest cities to explore commercial operation. Enditem

Photo – An L4 autonomous bus makes its debut during the launching ceremony in southwest China’s Chongqing Municipality, Sept. 17, 2020. (Xinhua/Wang Quanchao)