Connect with us

China

တရုတ်နိုင်ငံ ထျန်းကျင်းမြို့က B&R နိုင်ငံများအတွက် ဆောင်ကြဉ်းပေးလျက်ရှိသော ဆိပ်ကမ်းအဖြစ် ရှုမြင်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ်ရှိ ထျန်းကျင်းဆိပ်ကမ်းတွင် စမတ်ကွန်တိန်နာဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအတွက် ရည်ရွယ်ထားသော ကုန်စည်စီးဆင်းမှုပမာဏသည် ဇန်နဝါရီလကုန်ပိုင်းအထိ ဆိပ်ကမ်းရှိ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း ဒေသခံအာဏာပိုင်များအရ သိရသည်။

ထျန်းကျင်းဆိပ်ကမ်းသည် ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ 20-foot equivalent unit ကွန်တိန်နာ သန်း ၂၀ ကျော် လက်ခံခဲ့ပြီး အထင်ကရကိန်းဂဏန်းဖြစ်ကြောင်း ဆိပ်ကမ်းလည်ပတ်သူက ဆိုသည်။

ဆိပ်ကမ်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အညွှန်းကိန်းလက္ခဏာဖြစ်သည်။ Bohai ပင်လယ်ကမ်းရိုးတန်းရှိ ထျန်းကျင်းဆိပ်ကမ်းသည် ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသအတွက် အထင်ကရ သင်္ဘောဖြင့်ကုန်စည်တင်ပို့မှုထွက်ပေါက်တစ်ခု ဖြစ်သည်။

ထျန်းကျင်းမြူနီစီပယ်ရှိ ဆိပ်ကမ်းသည် လက်ရှိတွင် ကုန်စည်လမ်းကြောင်း ၁၃၃ ခုကျော်ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်ရှိ ဆိပ်ကမ်း ၈၀၀ ကျော်နှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးချဲ့ထားကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)
China’s Tianjin sees booming port throughput for B&R countries
Source: Xinhua
Editor: huaxia
2022-02-05 13:51:43

TIANJIN, Feb. 5 (Xinhua) — The throughput of cargo destined for Belt and Road countries at north China’s Tianjin Port accounts for over 60 percent of the port’s total as of late January, according to local authorities.
The port had handled more than 20 million 20-foot equivalent unit containers by late December last year, a landmark figure, according to the port’s operator.
Ports are a barometer of economic development. Tianjin Port on the coast of the Bohai Sea is a pivotal shipping outlet for the Beijing-Tianjin-Hebei region.
The port in the Tianjin Municipality currently has over 133 cargo routes, extending trade ties with more than 800 ports in over 200 countries and regions. ■

Photo : Aerial photo taken on Jan. 17, 2021 shows a smart container terminal at Tianjin Port in north China’s Tianjin Municipality. (Xinhua/Zhao Zishuo)