Connect with us

China

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ Liaoning ပြည်နယ် အရှေ့မြောက်ပိုင်း Huludao မြို့ရှိ Xudapu နျူကလီးယားဓာတ်အားပေးစက်ရုံ၏ Unit 3 တည်ဆောက်မှု စတင်သည့်အခမ်းအနားအား ၂၀၂၁ ခုနှစ် မေ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကြိုးပမ်းသွားရန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ရုပ်ကြွင်းလောင်စာများမှ ဖြစ်ပေါ်သည့် သမာရိုးကျ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား ပေါင်းစည်းဆောင်ရွက်နေစဉ်အတွင်းမှာပင် စွမ်းအင်သစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

နှစ်ဘက်လုံးအနေဖြင့် နျူကလီးယားစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်သွားရမည်ဖြစ်ကြောင်း နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့် အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေ့လာဖော်ထုတ်သင့်ကြောင်း ဆိုသည်။ (Xinhua)

…………………………..
(English Version)
China, Russia to boost energy cooperation: Xi
BEIJING, Dec. 15 (Xinhua) — Chinese President Xi Jinping on Wednesday called for efforts to boost energy cooperation between China and Russia when meeting with Russian President Vladimir Putin via video link.
Xi said China and Russia should step up cooperation in new energy while consolidating traditional energy cooperation.
The two sides should advance a series of cooperation in nuclear energy and explore further cooperation in renewable energy and other fields. ■
Photo – Photo taken on May 19, 2021 shows the launch ceremony for the construction of Unit 3 of the Xudapu nuclear power plant in Huludao City of northeast China’s Liaoning Province. (Xinhua/Yao Jianfeng)