Connect with us

Africa & Middle East

တရုတ်နိုင်ငံ နှင့် အီဂျစ်နိုင်ငံတို့က ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် COVID-19 ကာကွယ်ဆေးများ လှူဒါန်းမည်

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Younis မြို့၌ ဧပြီ ၁၀ ရက်က နှာခေါင်းစည်း တပ်ဆင်ထားသော ပါလက်စတိုင်း ကလေးငယ်တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

အာလမိန်း ၊ အီဂျစ် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဒေသခံပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန် ပါလက်စတိုင်းပြည်သူများအတွက် COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၅၀၀,၀၀၀ စာအား ပူးပေါင်းလှူဒါန်းသွားရန် ဇူလိုင် ၁၈ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်သည် အီဂျစ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် အာလမိန်းမြို့သို့ တရားဝင် အလည်အပတ်ခရီးအဖြစ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

ဂါဇာမြို့ရှိ ဆေးခန်းတစ်ခု၌ ဇွန် ၃ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက Sinopharm COVID-19 ကာကွယ်ဆေးအား ပြသနေစဉ်(ဆင်ဟွာ)

တရုတ်-အီဂျစ် နှစ်နိုင်ငံသည် မကြာသေးမီက တစ်ဖန်ပြန်လည်ဖြစ်ပွားသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အခြေအနေများအပေါ် အနီးကပ် အလေးထားစောင့်ကြည့်နေခဲ့ကြောင်း ၊ ပါလက်စတိုင်းကိစ္စတွင် တရားမျှတသော အဖြေတစ်ခု ထွက်ပေါရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုအခြေအနေကိုလည်း ဂရုပြုသင့်ကြောင်း ၊ အထူးသဖြင့် COVID-19 ရောဂါတိုက်ဖျက်ရေး ဒေသခံပြည်သူများအား ကူညီရန် ခိုင်မာသည့်အစီအမံများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

ဂါဇာမြို့ရှိ ဆေးဘက်ဆိုင်ရာ စင်တာတစ်ခု၌ ဧပြီ ၂၀ ရက်က ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအတွင်း ပါလက်စတိုင်း အမျိုးသားတစ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

လှူဒါန်းမည့် ကာကွယ်ဆေးများကို အီဂျစ်နိုင်ငံ၌ တရုတ်-အီဂျစ် နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသည့် ထုတ်လုပ်ရေးစက်ရုံများမှ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နှင့် ပါလက်စတိုင်းဘက်နှင့် ညှိနှိုင်းမှုများမှတစ်ဆင့် တတ်နိုင်သမျှ အမြန်ဆုံး ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

China, Egypt to donate COVID-19 vaccine to Palestinian people in Gaza Strip

ALAMEIN, Egypt, July 18 (Xinhua) — China and Egypt on Sunday decided to jointly donate 500,000 doses of COVID-19 vaccine to the Palestinians in the Gaza Strip to address the immediate needs of the local people.

The announcement came as Chinese State Councilor and Foreign Minister Wang Yi met his Egyptian counterpart Sameh Shoukry during Wang’s official visit to Alamein, a coastal city in northern Egypt.

The two countries have paid close attention to the situation in the wake of the recent Palestinian-Israeli conflict, stressing that while making continued efforts to promote a just solution to the Palestinian issue, the international community should also care about the humanitarian situation of the Palestinian people, especially take concrete measures to help the local people fight against COVID-19.

The vaccine doses to be donated will be produced at the manufacturing plants jointly established by the two countries in Egypt, and be sent as soon as possible through coordination with the Palestinian side. Enditem
Photo 1.A Palestinian child wearing a face mask plays at an empty street in the southern Gaza Strip city of Khan Younis, April 10, 2021. (Photo by Yasser Qudih/Xinhua)

Photo 2.A health worker displays a dose of Sinopharm COVID-19 vaccine at a clinic in Gaza City, on June 3, 2021. (Photo by Rizek Abdeljawad/Xinhua)

Photo 3.A Palestinian man receives a dose of COVID-19 vaccine at a medical center during a vaccination campaign in Gaza city, on April 20, 2021. (Photo by Rizek Abdeljawad/Xinhua)

27 killed, over 30 injured in bus-trailer collision in Pakistan’s PunjabISLAMABAD, July 19 (Xinhua) — At least 27 people were killed and over 30 others injured when a passenger bus collided with a trailer in Pakistan’s eastern Punjab province, local media reported Monday morning.

According to the reports, the accident occurred after the over-speeding bus collided with a trailer near Taunsa bypass in Dera Ghazi Khan district of Punjab.

Rescue teams rushed to the site and shifted the victims to the near hospital.The ill-fated bus was heading to Sialkot city from the Rajanpur district of the province.Road accidents are quite frequent in Pakistan mainly due to poor roads, badly maintained vehicles and unprofessional driving. Enditem