Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုအတွင်း ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် Linxian ကောင်တီရှိ ကျောက်မီးသွေးတွင်းပြိုကျသည့်နေရာအား ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် ကျောက်မီးသွေးတွင်း ခေါင်မိုးပြိုကျမှုကြောင့် ပိတ်မိနေသူ ၇ ဦးကို ဇွန် ၁၈ ရက်၌ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

Linxian ကောင်တီတွင် Shanxi Jinliu စွမ်းအင်ကုမ္ပဏီမှ ဆောင်ရွက်နေသော Taiye ကျောက်မီးသွေးတွင်း၌ နှစ်ရက်နီးပါးကြာပိတ်မိနေပြီးနောက် မိုင်းတွင်းလုပ်သားများအား ဇွန် ၁၈ ရက် နံနက် ၅:၁၃ နာရီက ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါ ဖြစ်ရပ်သည် ဇွန် ၁၆ ရက် နံနက် ၈ နာရီခန့်က မိုင်းတွင်း၏ သယ်ယူပို့ဆောင်ရေးဥမင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်နိုင်ခဲ့သော မိုင်းတွင်းလုပ်သားများအား ဘက်စုံကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
7 trapped miners rescued in north China coal mine accident
2021-06-18 11:18:37
TAIYUAN, June 18 (Xinhua) — Seven people who were trapped in a coal mine roof collapse were all rescued in north China’s Shanxi Province on Friday, rescuers said.
The miners were lifted out of the tunnel at 5:13 a.m. Friday after being trapped for almost two days in Taiye Coal Mine operated by Shanxi Jinliu energy company in Linxian County.
The accident happened at about 8 a.m. Wednesday in a transportation tunnel of the mine.
The rescued miners have been sent to a hospital for a comprehensive health check, and the investigation of the accident is underway. ■
Photo taken on June 16, 2021 shows the coal mine accident site in Linxian County, north China’s Shanxi Province. (Xinhua/Cao Yang)