Connect with us

Social, Education & Health

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦး တွေ့ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိ nucleic acid စစ်ဆေးစမ်းသပ်မှုအတွက် အာခေါင်တို့ဖတ် ရယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၆ ရက်က ဒေသတွင်း COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂ ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။ဒေသတွင်း ရောဂါကူးစက်မှုအသစ်များမှာ ရွှေလီမြို့တွင် ဖြစ်ကြောင်း၊ အတည်ပြုလူနာ ၂ ဦးမှာ မူလကတည်းကသိရှိထားသူများဖြစ်ပြီး ရောဂါလက္ခဏာပြသခြင်းမရှိကြောင်းနှင့် အခြားသူ ၁၃ ဦးနှင့် ရောဂါလက္ခဏာမပြသူအသစ် ၂ ဦးမှာ ယင်းမြို့တွင် လူထု nucleic acid စစ်ဆေးစမ်းသပ်မှုကမ်ပိန်းမှတစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကော်မရှင်က ဖြည့်စွက်ဖော်ပြထားသည်။

ရောဂါလက္ခဏာမပြသူ တစ်ဦးမှာ မြန်မာနိုင်ငံမှ လာရောက်သူဖြစ်ကြောင်း ယူနန်ပြည်နယ်က ဇူလိုင် ၆ ရက်၌ သတင်းဖော်ပြခဲ့သည်။

ရွှေလီမြို့ အစိုးရက ဇူလိုင် ၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရောဂါပိုးရှိသည့်နမူနာ ၇ ခုအား အစဉ်တိုင်းပြသထားပြီး ရောဂါကူးစက်မှုများမှာ ကူးစက်မြန်သော Delta ဗီဇပြောင်းဗိုင်းရပ်စ် မျိုးဗီဇမြင့်မားစွာ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဖြစ်သော ရွှေလီမြို့တွင် ဇူလိုင် ၄ ရက်မှစ၍ COVID-19 ရောဂါ ဒေသတွင်းကူးစက်မှုအသစ်ဖြစ်ပွားလျက်ရှိသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်ရန် ရွှေလီမြို့အား အဝင်၊ အထွက် ကန့်သတ်ချက်များ ပြဌာန်းလိုက်ပြီး မလိုအပ်ပါက မြို့အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း မပြုကြရန် ပြည်သူများအား ပန်ကြားထားသည်။ ထို့ပြင် လူထု nucleic acid စစ်ဆေးခြင်းကမ်ပိန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုန်ကျစရိတ်များအား အစိုးရကတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ရွှေလီမြို့အား ဇူလိုင် ၇ ရက်တွင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းနှင့် ဒေသခံများအားလုံးအနေဖြင့် နေအိမ်ကွာရန်တင်း နေထိုင်ကြရန် ပြောကြားထားကြောင်း သိရသည်။

Nucleic acid စစ်ဆေးပေးသောနေရာများတွင် စစ်ဆေးစမ်းသပ်မှုများကို လူစုလူစုဝေးဖြစ်ပွားမှုမှ ကာကွယ်ရန် အချိန်ခွဲခြားကာ ဒေသခံများ လက်ခံရရှိသည့် အကြောင်းကြားချက်များအရ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း ယင်းမြို့ရှိ သတင်းထောက်များက ပြောခဲ့သည်။

“Nucleic acid စစ်ဆေးမှုဟာ အခုချိန်မှာ ပိုပြီးထိရောက်မှုရှိတယ်” ဟု Mengmao အိမ်ရာရှိ ကျန်းမာရေးဝန်ဆောင်မှုစင်တာ ညွှန်ကြားရေးမှူး Li Rong က ပြောခဲ့သည်။

“ဒေသခံတွေက အရမ်း ပူးပေါင်းမှုရှိပြီး ရပ်ရွာအဖွဲ့အစည်းကလည်း အစီအစဉ်တကျနဲ့ ထိထိရောက်ရှိပါတယ်။ ပြီးတော့ နည်းပညာကလည်း အများကြီး အထောက်အကူပြုပါတယ်။ ဒေသခံတွေကိုလည်း QR code ဖတ်ခြင်းဖြင့် ရောဂါစမ်းသပ်မှုတွေအတွက် မှတ်ပုံတင်ဖို့ ခွင့်ပြုတဲ့ mobile app ကို ခွင့်ပြုပေးထားပြီး လူကိုယ်တိုင် ပြစရာမလိုဘဲ အဖြေတွေကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်” ဟု Li က ဆိုသည်။

ဇူလိုင် ၆ ရက်မကုန်မီအထိ ယူနန်ပြည်နယ်ရှိ ဆေးရုံများတွင် ဒေသတွင်းကူးစက်မှု ၂၁ ခုနှင့် ပြင်ပမှ ရောဂါကူးစက်မှု ၆၉ ခု အပါအဝင် COVID-19 အတည်ပြုလူနာ ၉၀ ဦးရှိကြောင်း၊ ထို့ပြင် ရောဂါလက္ခဏာမပြသူ ၁၆ ဦးရှိပြီး ယင်းအနက် ၁၄ ဦးမှာ ပြင်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Verion)

China’s Yunnan reports 15 new confirmed COVID-19 cases

KUNMING, July 7 (Xinhua) — Southwest China’s Yunnan Province reported 15 locally transmitted confirmed COVID-19 cases and two locally transmitted asymptomatic cases on Tuesday, the provincial health commission said on Wednesday.

All new locally transmitted cases were reported in the city of Ruili, the commission said, adding that two of the new confirmed cases were previously known and asymptomatic, and the other 13 new confirmed cases as well as the two new asymptomatic cases were detected through the city’s mass nucleic acid testing campaign.
The province also reported one imported asymptomatic case from Myanmar on Tuesday.

The city government of Ruili said at a Wednesday press conference that seven positive samples had been sequenced, showing the infections are highly homologous to the more contagious Delta variant.

Ruili, which lies along China’s border with Myanmar, has been reporting new locally transmitted COVID-19 cases since Sunday.

To curb the spread of the virus, the city on Monday imposed entry and exit restrictions, asking people to refrain from entering or leaving the city unless necessary. A mass nucleic acid testing campaign has been launched, with the government bearing all testing costs.

On Wednesday, Ruili closed off its city proper and asked all residents to undergo home quarantine.Reporters in the city said work at the nucleic acid testing sites was orderly as residents received notices to show up at testing sites at different times to prevent overcrowding.

“The nucleic acid testing is much more efficient this time,” said Li Rong, director of the health service center at the Mengmao residential complex.
“Residents are very cooperative, community organization is orderly and effective, and technology is helping a lot,” said Li, noting that a mobile app allows residents to register for tests by scanning a QR code, and receive their results without showing up in person.

By the end of Tuesday, there were 90 confirmed COVID-19 cases in hospitals in Yunnan, including 21 locally transmitted cases and 69 imported cases. There were also 16 asymptomatic cases, with 14 of that number being imported cases. ■
A medical worker collects a swab sample for nucleic acid testing in Ruili City of southwest China’s Yunnan Province, on July 5, 2021. (Xinhua/Wang Guansen)