Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ယခုနှစ် ၁၀ လကြာကာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏ ယွမ် ၆၃.၅ ဘီလီယံရှိ

ဝူးလူမုချီ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏသည် ယွမ် ၆၃.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံခန့်) ရှိကြောင်း ဒေသအစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။ရှင်းကျန်းဒေသ၏ အမြန်လမ်း စုစုပေါင်းအရှည် ၆,၀၀၀ ကီလိုမီတာကျော်ရှိကြောင်း ယင်းဒေသသယ်ယူပို့ဆောင်ရေးအာဏာပိုင်များ ပြောကြားခဲ့သည်။ ဒေသတစ်ခုလုံးရှိ ခရိုင်နှင့်မြို့ ၁၀၇ ခုအနက် ၈၅ ခုတွင် အမြန်အဝေးပြေးလမ်းရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်းကာလ (၂၀၁၆ ခုနှစ်- ၂၀၂၀ ပြည့်နှစ်)တွင် ရှင်းကျန်း၏သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ အဝေးပြေးလမ်းကွန်ရက်၏ စုစုပေါင်းအရှည် ၂၀၉,၂၀၀ ကီလိုမီတာထိရှိခဲ့ကြောင်း သိရသည်။

ယင်းကိန်းဂဏန်းသည် ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း (၂၀၂၁ ခုနှစ်- ၂၀၂၅ ခုနှစ်)ကာလတွင် လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏ ယွမ် ၄၀၀ ဘီလီယံနှင့်အတူ လမ်း၏အရှည် ၂၂၀,၀၀၀ ကီလိုမီတာအထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း ဒေသလမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Xinjiang invests 63.5 billion yuan in road construction

URUMQI, Nov. 26 (Xinhua) — China’s Xinjiang Uygur Autonomous Region has invested more than 63.5 billion yuan (about 9.9 billion U.S. dollars) in road construction from January to October this year, the regional government said Friday.

The regional transport authorities said that the total length of expressways in Xinjiang now exceeds 6,000 km. In the region, 85 out of 107 counties and cities now have access to expressways.

Xinjiang’s transportation industry developed rapidly during the 13th Five-Year Plan period (2016-2020), with the total length of its highway network reaching 209,200 km.
The figure will likely increase to 220,000 km during the 14th Five-Year Plan period (2021-2025), with an investment of 400 billion yuan in road construction, said the regional transport authorities. ■

Aerial photo taken on June 28, 2021 shows a view of a flyover of the Beijing-Urumqi Expressway in Kazak Autonomous County of Barkol, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Hu Huhu)