Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ဖူမီအို ခီရှီဒါ ရွေးချယ်ခံရခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သော အထူးလွှတ်တော်အစည်းအဝေးအတွင်း အနိုင်ရပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဖူမီအို ခီရှီဒါအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဖူမီအို ခူရှီဒါ (Fumio Kishida) ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ရေပိုင်နက်တစ်ခုတည်းဖြင့် ခွဲခြားထားသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို ထမ်းရွက်လျက်ရှိကြောင်းနှင့် အာရှနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကိုလည်း ထောက်ပံ့ကူညီလျက်ရှိကြောင်း ရှီက ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား နိုင်ငံရေးသဘောတူညီချက် လေးရပ်တွင် ထားရှိသော စည်းမျဉ်းများအား လိုက်နာရေး၊ ခေတ်သစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် ကြိုးပမ်းအားထုတ်ရာတွင် ဆွေးနွေးမှုနှင့် ဆက်သွယ်မှု အားကောင်းရေးနှင့် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းနေ့တွင်ပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ခီရှီဒါထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးသဘောတူညီချက် ထိန်းသိမ်းရေး၊ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ မှန်ကန်သော လမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေးများ တည်ငြိမ်ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရေးနှင့် လာမည့်နှစ်တွင် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ကိုလည်း ပူးတွဲကြိုဆိုသွားမည်ဖြစ်ကြောင်း လီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

ပုံစာ – ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သော အထူးလွှတ်တော်အစည်းအဝေးအတွင်း အနိုင်ရပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဖူမီအို ခီရှီဒါအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

#, #, #, #FumioKishida, #PrimeMinister, #Xinhua, #Myanmar, #, #, # # #ဖူမီအိုခီရှီဒါ, #ဝန်ကြီးချုပ်, #ဆင်ဟွာ
————————————
(English Version)
Xi congratulates Fumio Kishida on election as Japanese PM
Source: Xinhua| 2021-10-04 18:49:46|Editor: huaxia
BEIJING, Oct. 4 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory message to Fumio Kishida on his election as Japanese prime minister.
Xi pointed out that developing a good-neighborly friendship and cooperation between China and Japan, which are separated only by a strip of water, serves the fundamental interests of the two countries and two peoples, and also contributes to peace, stability and prosperity of Asia and the world.
China and Japan should abide by the principles established in the four political documents between the two countries, strengthen dialogue and communication, and enhance mutual trust and cooperation, in an effort to build a China-Japan relationship that meets the requirements of the new era, Xi added.
On the same day, Chinese Premier Li Keqiang also sent congratulations to Kishida.
Li said in the message that the two sides should maintain political consensus, strengthen exchanges and cooperation, push for sound and stable development of bilateral relations along the right track and jointly welcome the 50th anniversary of the normalization of China-Japan diplomatic ties next year. Enditem
Photo : Fumio Kishida, leader of Japan’s ruling Liberal Democratic Party (LDP), stands during a special Diet session in Tokyo, Japan, Oct. 4, 2021. (Xinhua/Du Xiaoyi)