Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင်တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံမည်

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်နှင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း (ပေကျင်းစံတော်ချိန်) တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ၌ ပြောကြားခဲ့သည်။ရှီသည် ဘိုင်ဒင်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ဘုံဆက်စပ်သော ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။ (Xinhua)