Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် နှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးတို့ တွေ့ဆုံရန်ရှိ

ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးလည်းဖြစ်သူ ယန်သည် “တရုတ်နှင့် အမေရိကန် ခေါင်းဆောင်နှစ်ဦး၏ စက်တင်ဘာ ၁၀ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာတွင် ရရှိခဲ့သော သဘောတူညီချက်အရ ၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ သဘောတူညီခဲ့သည့်အတိုင်း” ဆူလီဗန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောခဲ့သည်။

“သူတို့က တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြပါလိမ့်မယ်” ဟု ဟွာက ဆိုသည်။ (Xinhua)

#China, #US, #YangJiechi, #Jake Sullivan, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #အမေရိကန်, #ယန်ကျဲ့ချီ, #ဂျိတ်ဆူလ်လီဗန်, #ဆင်ဟွာ
——————————————
(English Versiion)

Senior Chinese diplomat to meet with U.S. national security advisor

BEIJING, Oct. 6 (Xinhua) — Yang Jiechi, a member of the Political Bureau of the Communist Party of China (CPC) Central Committee, will meet with U.S. National Security Advisor Jake Sullivan in Zurich, Switzerland, a Chinese Foreign Ministry spokesperson announced on Wednesday.

Yang, also director of the Office of the Foreign Affairs Commission of the CPC Central Committee, will meet with Sullivan “according to the consensus reached by Chinese and U.S. heads-of-state on Sept. 10 in their phone call and as agreed upon by China and the United States,” said Hua Chunying.

“They will exchange views on China-U.S. relations and relevant issues.” Hua said. Enditem
Photo : Yang Jiechi is elected as a member of the Political Bureau of the 19th Central Committee of the Communist Party of China (CPC) on Oct. 25, 2017. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.