Connect with us

CHINA

တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်းကျားကျဲ့မြို့တွင် အားလုံးလွှမ်းခြုံသော nucleic acid စစ်ဆေးမှု ဒုတိယအကျော့ ဆောင်ရွက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့တွင် COVID-19 ရောဂါ nucleic acid စစ်ဆေးမှုအတွက် ဒေသခံများထံမှ တို့ဖတ်နမူနာရယူနေသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ နာမည်ကျော် ခရီးသွားဧည့်သည်များ လာရောက်သည့် ကျန်းကျားကျဲ့မြို့တွင် COVID-19 ရောဂါအစုလိုက်ကူးစက်မှုကို ဖြတ်တောက်ရန် အားလုံးလွှမ်းခြုံသော nucleic acid စစ်ဆေးမှု ဒုတိယအကျော့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းမြို့ရှိ ဒေသခံများအားလုံးကို လွှမ်းခြုံထားသော လူအများအပြား ပါဝင်သော ရောဂါစစ်ဆေးမှုသည် ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အားလုံးလွှမ်းခြုံမှုရှိသော nucleic acid စစ်ဆေးမှု ပထမအကျော့မှာ ဩဂုတ် ၇ ရက် ညနေ ၅ နာရီက ပြီးစီးခဲ့ကာ နမူနာပေါင်း ၁.၂၄ သန်းကျော် စုဆောင်းခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်မှုအသစ်များ ထွက်ပေါ်လာပြီးနောက် ရောဂါဖြစ်ပွားမှုအန္တရာယ်မြင့်မားသည့် နေရာများ၌ ရောဂါစစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် သုံးကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အားလုံးလွှမ်းခြုံမှုရှိသော ရောဂါစစ်ဆေးမှုတွင် အဓိက ရောဂါဖြစ်ပွားမှုမြင့်မားသည့်နေရာများ၌ သီးသန့်ခွဲခြားထားသော အခြေအနေအရ သို့မဟုတ် အနီရောင်ကျန်းမာရေးကုတ်များ (codes) ကိုင်ဆောင်ထားသူများအကြား တစ်ဦးတစ်ယောက်ချင်းစီ ရောဂါစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားသော နေရာများတွင်မူ ငါးယောက်တစ်ဖွဲ့ သို့မဟုတ် ဆယ်ယောက်တစ်ဖွဲ့စီဖြင့် ရောဂါစစ်ဆေးမှုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းကျားကျဲ့မြို့သည် ဩဂုတ် ၇ ရက်တွင် ဒေသတွင်း COVID-19 ရောဂါကူးစက်မှု အတည်ပြုလူနာအသစ် ၁၀ ဦးရှိခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက်နှင့် ဩဂုတ် ၇ ရက်အကြား ဒေသတွင်း ရောဂါကူးစက်မှု စုစုပေါင်းမှာ ၄၇ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Central China’s Zhangjiajie launches 2nd round of all-inclusive nucleic acid testing
2021-08-09 15:00:39
CHANGSHA, Aug. 9 (Xinhua) — Zhangjiajie, a popular tourist city in central China’s Hunan Province, has launched the second round of all-inclusive nucleic acid testing to stem the new COVID-19 cluster infection.
The new round of mass testing covering all residents in the city is expected to be completed by 4 p.m. Tuesday, according to local authorities.
The first round of all-inclusive nucleic acid testing was completed at around 5 p.m. last Saturday with over 1.24 million samples collected.
Prior to that, the city had launched three rounds of large-scale testings in higher risk areas for COVID-19 after new infections emerged.
In the latest all-inclusive testing, one-on-one testing is carried out among people in the core high-risk areas, under centralized isolation, or those holding red health codes. Other areas will adopt a five-in-one or ten-in-one mixed testing approach.
Zhangjiajie reported 10 new locally transmitted confirmed COVID-19 cases on Sunday. Between July 29 and Sunday, a total of 47 locally transmitted confirmed cases been reported in the city. Enditem
Photo : Medical workers take swab samples from residents for COVID-19 nucleic acid testing in Zhangjiajie, central China’s Hunan Province, Aug. 4, 2021. (Xinhua/Chen Sihan)