Connect with us

China

တရုတ်နှင့် အိုက်စလန် တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ကတိပြု

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ(Wang Yi )သည် အိုက်စလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Thordis Kolbrun Reykfjord Gylfadottir နှင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၂ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည်ဒီဇင်ဘာ ၂၂ ရက်တွင် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Thordis Kolbrun Reykfjord Gylfadottir နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံပြီး ကပ်ရောဂါကို တိုက်ဖျက်ရေး နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပူးတွဲလုပ်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အိုက်စလန်နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကတည်းက သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်ပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း၊ တရုတ်သည် အိုက်စလန်နိုင်ငံနှင့် ကပ်ရောဂါကို တိုက်ဖျက်ရေး လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးသိပ္ပံနှင့်နည်းပညာ နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ် က ပြောကြားခဲ့သည်။

ကုလသမဂ္ဂကဲ့သို့သော ဘက်စုံမူဘောင်များအောက်တွင် အိုက်စလန်နှင့် ဆက်သွယ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို အားကောင်းလာစေမည်ဖြစ်ပြီး၊ အိုက်စလန် အား ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်ရန် ကြိုဆိုကြောင်း ဝမ်က ပြောကြားခဲ့သည်။

အိုက်စလန် လုပ်ငန်းများ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးသွားလိုကြောင်း နှင့် အိုက်စလန်တွင် တရုတ်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်အတွက် တရားမျှတသော စီးပွားရေးပတ်ဝန်းကျင်ကို ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာတိတ်အရေးကိစ္စတွင် တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုအပေါ် အိုက်စလန်၏ ပွင့်လင်းသော သဘောထားကို တရုတ်နိုင်ငံက ကျေးဇူးတင်ရှိပြီး ယင်းကိစ္စရပ်တွင် အိုက်စလန်နှင့် နီးကပ်သော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

အိုက်စလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ အာတိတ်ဒေသ၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း Thordis Kolbrun Reykfjord Gylfadottir က ပြောကြားခဲ့သည်။ (Xinhua)

——————————
(English Version)
China, Iceland vow to enhance cooperation
BEIJING, Dec. 22 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Wednesday met with Icelandic Foreign Minister Thordis Kolbrun Reykfjord Gylfadottir via video link, pledging to work jointly to fight the pandemic and enhance bilateral cooperation.
Wang said China and Iceland have witnessed the healthy and stable development of bilateral ties since the establishment of diplomatic relations 50 years ago, and China is willing to work with Iceland to fight the pandemic, and deepen cooperation on tourism, digital economy, information and communication, agricultural science and technology, and green development.
China would strengthen communication and coordination with Iceland under multilateral frameworks such as the United Nations, and welcome Iceland to join the Global Development Initiative, Wang added.
He said China is willing to facilitate Icelandic enterprises to invest in China, and hoped Iceland can provide a fair business environment for Chinese enterprises to invest in Iceland.
China appreciates Iceland’s open attitude towards China’s participation in the Arctic affairs and will maintain close communication and cooperation with Iceland in this regard, Wang said.
Thordis Kolbrun Reykfjord Gylfadottir said Iceland stands ready to further deepen bilateral cooperation on trade, tourism, the Arctic, sustainable development and climate change, and believes that China will host a successful Winter Olympics. Enditem