Connect with us

China

တရုတ်ပန်ဒါဝက်ဝံလေးများက မော်စကိုတိရစ္ဆာန်ရုံ၌ သုံးနှစ်မြောက် တရုတ်နှစ်သစ်ကူးဆင်နွှဲ

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံသို့ ၂၀၁၉ ခုနှစ်ကတည်းက ရောက်ရှိနေကြသည့် တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံကြီးမျိုးဖြစ်သော ပန်ဒါကြီး Ruyi နှင့် ပန်ဒါကြီး Dingding တို့သည် ရုရှားနိုင်ငံ၌ ၎င်းတို့၏ သုံးနှစ်မြောက်တရုတ်နှစ်သစ်ကူး အခါသမယ “ နှစ်ကူးပွဲတော်” ကို ပျော်ရွှင်စွာ ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ပန်ဒါဝက်ဝံကြီး Ruyi က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုတိရစ္ဆာန်ရုံ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မွေးနေ့ပွဲကျင်းပနေစဉ်(ဆင်ဟွာ)

“ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ပန်ဒါလေးတွေအတွက် ကတ်ထူပြားတွေနဲ့ ကျားပုံအရုပ်ကြီးတွေကို လုပ်ပေးကြမယ် ၊ ပြီးတော့ ရေခဲချောင်းတွေနဲ့အတူ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကိုပါ အပင်တွေမှာ အလှဆင်ချိတ်ဆွဲထားပေးမယ်” ဟု ဆင်ဟွာသတင်းဌာနနှင့်မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် တိရစ္ဆာန်ရုံအကြီးအကဲ Svetlana Akulova က ဆိုသည်။

တိရစ္ဆာန်ရုံထဲတွင် တရုတ်နှစ်သစ်ကူးကို ပန်ဒါလေးများ မည်ကဲ့သို့ ဆင်နွှဲဖြတ်သန်းကြမည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုနိုင်ရုံမျှသာမက ယင်းပုံရိပ်များကို တိရစ္ဆာန်ရုံ၏ တရားဝင်လူမှုကွန်ရက်များတွင်လည်း အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သူ(မ) ကဆိုသည်။

တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်ကြသူများကြားတွင် ပန်ဒါဝက်ဝံလေးများသည် သိပ်ကိုထင်ရှားကျော်ကြားလှပြီး အဆိုပါလာရောက်ကြသောဧည့်သည်အများစုသည် တရုတ်ဧည့်သည်တော်(ပန်ဒါဝက်ဝံလေး)များနှင့် ရင်းနှီးကျွမ်းဝင်နေပြီးသားသူများဖြစ်ကြကြောင်း Akulova ၏ ပြောကြားချက်အရ သိရသည်။
“ ပန်ဒါလေး Dingding က ကြိုက်တာကို ရွေးတတ်တယ် စိတ်ဆက်တယ်၊ Ruyi ကတော့ ရှာရှာဖွေဖွေလုပ်တတ်ပြီး တစ်ခါတစ်လေ ပြဿနာလုပ်တတ်တဲ့ ကောင်လေးပေါ့” ဟု ၎င်းကဆိုသည်။

“ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကတော့ ပုံမှန်လာနေကျ ဧည့်သည်တွေကို မှတ်မိနေကြပါပြီ၊ ပြီးတော့ သူတို့မေးတဲ့မေးခွန်းတိုင်းကိုလည်း စိတ်ကျေနပ်အောင် အမြဲဖြေကြားပေးပါတယ် ။ တစ်ချို့အချိန်ဆိုရင် ကလေးတွေက သူတို့ရဲ့ ပန်ဒါအရုပ်ကြီးတွေပါ ယူလာခဲ့ကြပြီး Ruyi နဲ့ Dingding တို့ကို မိတ်ဆက်ပေးတယ် ” ဟု Akulova ကဆိုသည်။
“ မော်စကိုတိရစ္ဆာန်ရုံအနေနဲ့ အခုလို ပန်ဒါကြီးမျိုးတွေကို ကာကွယ်တာ ၊ စောင့်ရှောက်တာ ၊ သုတေသနပြုလုပ်တာ စတဲ့ နိုင်ငံတကာ အစီအစဉ်တွေမှာ ပါဝင် ဆောင်ရွက်နေတဲ့အတွက် သိပ်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု သူ(မ) က ဆက်ပြောသည်။

“ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုတန်ဖိုးဟာ နိုင်ငံရဲ့ ဝိသေသလက္ခဏာကို ဖော်ညွှန်းနေပြီး သူတစ်ပါးအပေါ် ချစ်ခင်မြတ်နိုးခြင်း နဲ့ လက်ခံနိုင်ခြင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာကို” Akulova ကမီးမောင်းထိုးပြခဲ့သည်။ “ အထူးသဖြင့် ပန်ဒါကြီးမျိုးတွေဟာ တရုတ်ယဉ်ကျေးမှုကို ဖော်ညွှန်းပြနေတဲ့ သက်ရှိကိုယ်စားပြုမှုဖြစ်မှာအသေအချာပါပဲ ” ဟု၎င်းက ဆိုသည်။ (Xinhua)

—————————-
(English Version)
Chinese pandas celebrating 3rd Lunar New Year at Moscow Zoo
MOSCOW, Feb. 1 (Xinhua) — Two giant pandas from China, Ruyi and Dingding, who have been living at the Moscow Zoo since 2019, will enjoy a “festive atmosphere” while celebrating their third Chinese New Year in Russia.
“Zoo staff will make large cardboard toys in the shape of tigers for the pandas, as well as place spruce and fir trees decorated with ice candies with vegetables and fruits inside,” zoo head Svetlana Akulova told Xinhua in a recent interview.
She said it would be possible to watch how the pandas celebrate the Lunar New Year not only in person at the zoo, but also online through a live stream on the zoo’s official social networks.
The pandas are very popular among visitors, many of whom are already familiar with the personalities of the Chinese guests, according to Akulova.
“Dingding is pickier and moodier, while Ruyi is like an explorer and can sometimes be a bit of a trouble-maker,” she said.
“Our employees already recognize these regular visitors and are always happy to answer their questions. There was even a time when a child brought his soft toy panda and introduced it to Ruyi and Dingding,” Akulova said.
“I am glad that the Moscow Zoo has chosen to participate in the international program for giant panda preservation, protection and research,” she stressed.
Akulova noted that it was significant how “the cultural values of one country, that are portrayed through national symbols, could be accepted and loved in another,” especially the giant pandas, which are “definitely the living embodiment of Chinese culture.” Enditem

Photos- Giant panda Ru Yi approaches its birthday cake at the Moscow Zoo in Moscow, capital of Russia, July 31, 2021.