Connect with us

China

တရုတ်ပြည်သူများ ပိုမိုခိုင်မာစည်းလုံးညီညွတ်ရန် ရှီ ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ထျန်းအန်းမင်ရင်ပြင်၌ ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စစ်လေယာဉ်များက ရင်ပြင်ပေါ်တွင် ဂုဏ်ပြုပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှုပိုမိုခိုင်မာရန် လိုအပ်ကြောင်း ဇူလိုင် ၁ ရက်တွင် အလေးပေး ပြောကြားခဲ့သည်။

ပြည်တွင်း ပြည်ပ နှစ်ခုလုံးတွင်ရှိသော တရုတ်ပြည်သူများ အားလုံးအနေဖြင့် နိုင်ငံတော်သွေးသစ်လောင်းမှုကို လက်တွေ့အကောင်အထည်ဖော်ရေးအတွက် အင်အားကြီးမားသော စုဖွဲ့မှုတစ်ခု အဖြစ် တစ်စိတ်တစ်ဝမ်းတည်း တည်ရှိကာ တူညီသည့် ရည်မှန်းချက်ပေါ်တွင် မိမိတို့၏ တီထွင်ကြံဆမှု နှင့် စွမ်းရည်ကို အလေးထားနိုင်ရန် ကြိုးပမ်းအားထုတ်သွား သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ရာစုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ပါတီဟာ အလွန်အရေးပါတဲ့ စည်းလုံးညီညွတ်မှု ရှေးတန်းနေရာက အမြဲတမ်း တည်ရှိခဲ့တာပါ ” ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
Xi calls for strengthening great unity of Chinese people
BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Thursday stressed the need to strengthen the great unity of the Chinese people.
Xi said efforts should be made to see that all Chinese people, both at home and overseas, can focus their ingenuity and energy on the same goal and come together as a mighty force for realizing national rejuvenation.
Xi, also Chinese president and chairman of the Central Military Commission, made the remarks in his speech at a ceremony marking the centenary of the CPC.
“In the course of our struggles over the past century, the Party has always placed the united front in a position of importance,” he said. Enditem
Photo – Military aircraft fly over Tian’anmen Square in echelon ahead of a grand gathering celebrating the Communist Party of China (CPC) centenary in Beijing, capital of China, July 1, 2021. (Xinhua/Rao Aimin)