Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၂၀၂၁ ခုနှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲ ၃ ရပ် လက်ခံကျင်းပမည်

ရုရှားနိုင်ငံသို့ သွားရောက်မည့် စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းပေါ်သို့ တက်ရောက်နေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ် တပ်ဖွဲ့ဝင်များအား ဩဂုတ် ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)က ၂၀၂၁ ခုနှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ(International Army Games 2021)၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြိုင်ပွဲ ၃ ရပ်တွင် ပါဝင်ကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှား ၊ ဘီလာရုစ် နှင့် အီဂျစ် နိုင်ငံတို့အပါအဝင် နိုင်ငံ ၆ နိုင်ငံမှ တပ်မတော်သားများသည် တရုတ်နိုင်ငံ အနောက်မြောက် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြုလုပ်မည့် ခြေလျင်တိုက်ခိုက်ရေးယာဉ်များ ၊ လူသယ်ဆောင်နိုင်သည့် လေယာဉ်ပစ်ဒုံးကျည်များသာမက နျူကလီးယား ၊ ဇီဝဗေဒ နှင့် ဓာတုဗေဒ ကင်းထောက်ခြင်းတို့ ပါဝင်သည့် ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်မည့်တပ်မတော်သားများအားလုံးသည် ရှင်းကျန်းဒေသ Korla မြို့သို့ ရောက်ရှိနေကြပြီး မကြာမီတွင် ၎င်းတို့၏ လိုက်လျောညီထွေ ပြုပြင်နိုင်သော လေ့ကျင့်မှုများ စတင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
PLA Army to host 3 contests under International Army Games 2021
URUMQI, Aug. 15 (Xinhua) — The Army of the Chinese People’s Liberation Army (PLA) will host and participate in three contests as part of the International Army Games 2021.
Military participants from six other countries including Russia, Belarus and Egypt will join the contests involving infantry fighting vehicles, man-portable anti-aircraft missiles as well as nuclear, biological and chemical reconnaissance held in Northwest China’s Xinjiang Uygur Autonomous Region.
The participants have all arrived in Korla of Xinjiang for the contests and will soon begin their adaptive training. Enditem
Photo – Members of the Chinese People’s Liberation Army (PLA) Navy board a military aircraft bound for Russia, Aug. 11, 2021.
TO GO WITH “Chinese navy to participate in International Army Games 2021” (Photo by Xiao Yongli/Xinhua)