Connect with us

Politics, Law & Military

တရုတ်လူငယ်များက တရုတ်နိုင်ငံ၏ အောင်မြင်မှု နှင့် CPC အဖွဲ့ဝင်ဖြစ်ခွင့်ရခြင်းအပေါ် ဂုဏ်ယူ

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ဇူလိုင် ၁ ရက်တွင် ကျင်းပပြုလုပ်မည့် တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် သံစုံတီးဝိုင်းအဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

စင်္ကာပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ လူငယ်လူရွယ်များသည် တရုတ်ကွန်မြူနစ်ပါတီ(CPC) ပါတီဝင်ဖြစ်ခွင့်ရခြင်း နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရခြင်းအပေါ် ဂုဏ်ယူလျက်ရှိ ကြောင်း စင်္ကာပူနိုင်ငံ၏ Lianhe Zaobao သတင်းစာက ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည်။ပါတီသို့ ဝင်ရောက်ခဲ့သည်မှာ ငါးနှစ်ကြာမြင့်ပြီ ဖြစ်သည့် ဘွဲ့ရကျောင်းသား Yang Hao(နာမည်လွှဲ)က တရုတ်ကွန်မြူနစ်ပါတီ CPC ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း ၊ ၎င်းအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်ခွင့်ရခြင်းအပေါ် ဂုဏ်ယူကြောင်း Lianhe Zaobao သတင်းစာသို့ ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့မှ အသက် ၂၉ နှစ် အရွယ် ရုံးဝန်ထမ်းတစ်ဦး ဖြစ်သူ Shen Yumeng က တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ ထိန်းချုပ်မှု နှင့် စီးပွားရေး မြှင့်တင်မှုတို့တွင် အနောက်နိုင်ငံအများစုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ လူငယ်များအား မိမိနိုင်ငံအပေါ် ဂုဏ်ယူမှု နှင့် CPC ၏ ဦးဆောင်မှုအား လေးစားတန်ဖိုးထားမှု တိုးမြင့်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————
(English Version)
Chinese youth proud of CPC membership, China’s achievements: media

SINGAPORE, July 3 (Xinhua) — China’s young people are proud of being a member of the Communist Party of China (CPC) and support the country’s development path, Singapore’s Lianhe Zaobao reported on Friday.

Yang Hao (pseudonym), a graduate student who has been in the party for five years, told the newspaper that China’s accelerated rise in recent years is inseparable from the leadership of the CPC, and he is proud of his membership.

Shen Yumeng, a 29-year-old white collar in Shanghai, told Lianhe Zaobao that China has done better than most Western countries in putting the COVID-19 pandemic under control and boosting the economy, giving young people a boost in national pride and a greater appreciation of the CPC’s statecraft. ■

Photo – Chorus members make preparations for a grand gathering celebrating the Communist Party of China (CPC) centenary at Tian’anmen Square in Beijing, capital of China, July 1, 2021. (Xinhua/Xie Jianfei)