Connect with us

China

တရုတ်၊ အီရန်၊ ရုရှားတို့ ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်ရေးပြုလုပ်

Changsha ဒုံးကျည်ဖျက်သင်္ဘောအား ပင်လယ်ပြင်တွင် ရွက်လွှင့်နေသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်၊ အီရန်နှင့် ရုရှား နိုင်ငံတို့သည် ဇန်နဝါရီ ၁၈ မှ ၂၀ ရက်အထိ အိုမန်ပင်လယ်ကွေ့ ရေပြင်တွင် ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနအရ သိရသည်။

အဆိုပါ လေ့ကျင့်မှုတွင် ပါဝင်ရန် တရုတ်နိုင်ငံက ဒုံးကျည်ဖျက်သင်္ဘောတစ်စင်း၊ ထောက်ပံ့ရေးသင်္ဘောတစ်စင်းနှင့် ရဟတ်ယာဉ်များအပြင် ရေတပ် တပ်ဖွဲ့ဝင် ၄၀ ဦးကိုလည်း စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပူးတွဲလေ့ကျင့်မှုသည် သုံးနိုင်ငံ ရေတပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ သုံးနိုင်ငံက ပင်လယ်ရေကြောင်းလုံခြုံရေး ပူးတွဲထိန်းသိမ်းလိုသော ဆန္ဒနှင့် စွမ်းဆောင်ရည်များကို ပြသရေးနှင့် ကံကြမ္မာအကျိုးတူ ပင်လယ်ရေကြောင်းအသိုက်အဝန်းတစ်ခု ထူထောင်ရေးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
China, Iran, Russia hold second joint naval exercise
Source: Xinhua
Editor: huaxia
2022-01-21 00:51:15
BEIJING, Jan. 20 (Xinhua) — China, Iran and Russia held a second maritime exercise from Tuesday to Thursday at the waters of the Gulf of Oman, according to China’s Ministry of National Defense.
The Chinese side sent a missile destroyer, a supply ship and helicopters, as well as 40 members of the Chinese navy marine corps, to participate in the exercise, the ministry said.
The joint exercise aimed to deepen practical cooperation among the three navies, and show the willingness and capabilities of the three countries to jointly safeguard maritime security and build a maritime community with a shared future, the ministry said. ■
Photo : Photo taken on Feb. 18, 2021 shows missile destroyer Changsha sailing on the sea. (Photo by Wang Jian/Xinhua)