Connect with us

China

တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် စေတနာ့ဝန်ထမ်း ၄,၇၀၀ ကျော် တာဝန်ထမ်းဆောင်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (Shanghai) ၌ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် ပါဝင်ကြသော စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စေတနာ့ဝန်ထမ်းများအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် လူပေါင်း ၄,၇၀၀ ကျော်သည် စေတနာ့ဝန်ထမ်းအဖြစ် အောက်တိုဘာ ၂၀ ရက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ၎င်းတို့၏ တာဝန်များ ထမ်းဆောင်ရန် စတင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (Shanghai) ၌ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် စေတနာ့ဝန်ထမ်းတစ်ဦးက ၎င်းတို့အဖွဲ့၏ အလံအား ဝှေ့ယမ်းနေသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (Shanghai) ၌ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် ပါဝင်ကြသော စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စေတနာ့ဝန်ထမ်းများအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (Shanghai) ၌ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် ပါဝင်ကြသော စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စေတနာ့ဝန်ထမ်းများအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ (Shanghai) ၌ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် ပါဝင်ကြသော စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စေတနာ့ဝန်ထမ်းများအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စေတနာ့ဝန်ထမ်းများသည် ရှန်ဟိုင်းမြို့မှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများဖြစ်ပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားခဲ့သူများဖြစ်ကြောင်း တရုတ် ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း မြူနီစီပယ်ကော်မတီအရ သိရသည်။

စေတနာ့ဝန်ထမ်းများ၏ တာဝန်များတွင် ပွဲကျင်းပရာနေရာ၌ လမ်းညွှန်ပုဂ္ဂိုလ်များ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အချက်အလက် ပေးအပ်ခြင်းနှင့် ပြပွဲအတွင်း အခြားဆက်စပ်သောလုပ်ငန်းများ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ပါဝင်သည်။

စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာသည် ပြပွဲကြီးအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ၂၀၁၈ ခုနှစ်က ပထမဆုံး CIIE ကျင်းပစဉ်ကတည်းက ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)

————————————
(English Version)
Over 4,700 volunteers get to work for upcoming CIIE
Source: Xinhua| 2021-10-20 18:21:21|Editor: huaxia
SHANGHAI, Oct. 20 (Xinhua) — More than 4,700 people were sworn in as volunteers on Wednesday and started going about with their duties for the fourth China International Import Expo (CIIE) scheduled from Nov. 5 to 10 in Shanghai, according to local authorities.
The volunteers are university students from Shanghai and more than 80 percent of them were born after 2000, according to the Shanghai municipal committee of the Communist Youth League of China.
The duties of the volunteers include guiding people around the venue, offering epidemic prevention and control information, and handling other related work during the event.
Tens of thousands of volunteers have provided services since the first CIIE in 2018 to ensure the smooth running of the expo. Enditem
1-Volunteers of the upcoming fourth China International Import Expo (CIIE) participate in a swearing-in ceremony at the National Exhibition and Convention Center (Shanghai) in east China’s Shanghai, Oct. 20, 2021. More than 4,700 people were sworn in as volunteers on Wednesday and started going about with their duties for the fourth CIIE scheduled from Nov. 5 to 10 in Shanghai, according to local authorities. Tens of thousands of volunteers have provided services since the first CIIE in 2018 to ensure the smooth running of the expo. (Xinhua/Liu Ying)
2- A volunteer of the upcoming fourth China International Import Expo (CIIE) waves their team flag during a swearing-in ceremony at the National Exhibition and Convention Center (Shanghai) in east China’s Shanghai, Oct. 20, 2021. More than 4,700 people were sworn in as volunteers on Wednesday and started going about with their duties for the fourth CIIE scheduled from Nov. 5 to 10 in Shanghai, according to local authorities. Tens of thousands of volunteers have provided services since the first CIIE in 2018 to ensure the smooth running of the expo. (Xinhua/Liu Ying)
3- 4-5- Volunteers of the upcoming fourth China International Import Expo (CIIE) participate in a swearing-in ceremony at the National Exhibition and Convention Center (Shanghai) in east China’s Shanghai, Oct. 20, 2021. More than 4,700 people were sworn in as volunteers on Wednesday and started going about with their duties for the fourth CIIE scheduled from Nov. 5 to 10 in Shanghai, according to local authorities. Tens of thousands of volunteers have provided services since the first CIIE in 2018 to ensure the smooth running of the expo. (Xinhua/Liu Ying)