Connect with us

China

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို အထောက်အကူဖြစ်စေ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ဒီဇင်ဘာ ၁၅ ရက်က အွန်လိုင်းအစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များကြား ဗီဒီယိုအစည်းအဝေးပြီးနောက် ကျွမ်းကျင်သူများက ၎င်းတို့၏ ဆက်ဆံရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အားဖြည့်ရာ၌ အရေးပါသော အခန်းကဏ္ဍ ပါဝင်ကြောင်း ပြောကြားလျက် တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအပေါ် ၎င်းတို့၏ အမြင်များကို မျှဝေခဲ့ကြသည်။

ဒီမိုကရေစီ၊ ကပ်ရောဂါပူးတွဲတုံ့ပြန်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပေကျင်းဆောင်းရာသီအိုလံပစ် စသည်တို့အပါအဝင် အကြောင်းအရာခေါင်းစဉ်ပေါင်းများစွာ ပါဝင်သော ၎င်းတို့၏ ဆွေးနွေးမှုများအတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့က “စံပြ” တရုတ်-ရုရှား ဆက်ဆံရေးကို ချီးကျူးပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကိုထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာ မျှတမှုနှင့် တရားမျှတမှု ထိန်းသိမ်းခြင်းဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

ရှီ-ပူတင် အစည်းအဝေးပြီးနောက် ပြောဆိုဆွေးနွေးမှုသည် “အလွန်အပြုသဘောဆောင်ကြောင်း” နှင့် နှစ်နိုင်ငံဆက်ဆံရေးသည် “မကြုံစဖူးသောမြင့်မားသည့်အဆင့်” သို့ ရောက်ရှိခဲ့ကြောင်း ကရင်မလင်နန်းတော် လက်ထောက် Yuri Ushakov က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားတို့သည် ကမ္ဘာကြီးတွင် မျှတမှုနှင့် တရားမျှတမှုများအပြင် နိုင်ငံတကာ မဟာဗျူဟာမြောက် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရာ၌ ဘုံ သို့မဟုတ် အလားတူအခြေအနေများ ရှိကြောင်း Al-Farabi Kazakh အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Seylbek Musataev က ပြောကြားခဲ့သည်။

အနည်းငယ်သော နိုင်ငံများသည် အခြားသောနိုင်ငံများ၏ ပြည်တွင်းရေးရာ၌ ဝင်ရောက်စွက်ဖက်ပြီး မူမမှန်သောဒီမိုကရေစီ သို့မဟုတ် လူ့အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး စီမံအုပ်ချုပ်မှုစံနှုန်းများအား ချိုးဖောက်နေသဖြင့် တရုတ်နှင့် ရုရှား နိုင်ငံများက နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံလုပ်ဆောင်သွားသင့်ကြောင်း Musataev က အကြံပြုထားသည်။

ရှီ-ပူတင် အစည်းအဝေးသည် တရုတ်-ရုရှား ဆက်ဆံရေးအား မြင့်မားသောအဆင့်သို့ ဦးတည်စေမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့၍ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်မားစေမည်ဖြစ်ကြောင်း Hankuk တက္ကသိုလ် နိုင်ငံခြားပညာလေ့လာရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Hwang Jae-ho က ပြောကြားခဲ့သည်။

နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် COVID-19 ကပ်ရောဂါနှင့် ရာသီဥတုပြောင်းလဲရေး စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပညာရှင်က ထောက်ပြခဲ့သည်။

စင်ကာပူအင်စတီကျု နိုင်ငံတကာရေးရာ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Oh Ei Sun က နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ပူးတွဲလမ်းညွှန်ချက်အောက်တွင် တရုတ်နှင့် ရုရှား နှစ်နိုင်ငံကြား အလုံးစုံပူးပေါင်းဆောင်ရွက်မှုက ကျယ်ကျယ်ပြန့်ပြန့် အလားအလာရှိကြောင်း၊ ကမ္ဘာကြီးက ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများ ကိုင်တွယ်ခြင်းနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု မြှင့်တင်ခြင်း၌ အပြုသဘောဆောင်သော အရေးပါမှုကို ထိန်းသိမ်းထားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တီဟီရန် တက္ကသိုလ် အာရှရေးရာလေ့လာရေးစင်တာ ညွှန်ကြားရေးမှူး Hamed Vafaei ကလည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် ကမ္ဘာကြီးတွင် မျှတမှုနှင့် တရားမျှတမှုအား ကာကွယ်ရာ၌ အပြုသဘောဆောင်သည့် ကဏ္ဍများမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

နှစ်နိုင်ငံတို့သည် တစ်ဖက်သတ်ဝါဒ တိုက်ဖျက်ရေးနှင့် ကမ္ဘာ့တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၌ အစားထိုးမရနိုင်သော အခန်းကဏ္ဍများမှ ပါဝင်လျက်ရှိကြောင်း Vafaei က ဖြည့်စွက်ပြောခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် လာမည့်နှစ်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ ယင်းမှာ တရုတ်-ရုရှား ဆက်ဆံရေး၏ မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု ရှင်းလင်းသောလက္ခဏာကို ကိုယ်စားပြုကြောင်း တရုတ် အင်စတီကျု၊ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ချန်းယွီက ဆိုသည်။ (Xinhua)

………………………………………
(English Version)
China-Russia cooperation contributes to world peace, stability
Source: Xinhua| 2021-12-16 18:52:05|Editor: huaxia
BEIJING, Dec. 16 (Xinhua) — Following the video meeting on Wednesday between the leaders of China and Russia, experts shared their views on China-Russia cooperation, saying that their relations play an important role in sustaining world peace and stability.
During their talks covering a wide range of topics including democracy, joint pandemic response, bilateral trade, energy cooperation, and the Beijing Winter Olympics, Chinese President Xi Jinping and Russian President Vladimir Putin praised “model” China-Russia relations and pledged to cooperate more on safeguarding the two countries’ core interests and upholding international fairness and justice.
After the Xi-Putin meeting, Kremlin aide Yuri Ushakov told reporters that the conversation was “very positive” and that the bilateral ties had reached “an unprecedented high level.”
Seylbek Musataev, a professor with Al-Farabi Kazakh National University, said that China and Russia, both permanent members of the United Nations Security Council, have common or similar positions in defending fairness and justice in the world, as well as in safeguarding international strategic security and stability.
As certain countries are interfering in other countries’ internal affairs and violating the norms governing the international relations on the pretext of democracy or human rights, China and Russia should take further action and deepen cooperation, Seylbek Musataev suggested.
Hwang Jae-ho, director of the Global Security Cooperation Center at Hankuk University of Foreign Studies, said that the Xi-Putin meeting will lead China-Russia relations to a higher level and promote the sustained and high-quality development of bilateral ties.
The two countries, China and Russia the scholar pointed out, will be able to continue to play important roles in addressing such global challenges as the COVID-19 pandemic and climate change through cooperation.
Oh Ei Sun, a senior fellow at Singapore Institute of International Affairs, said that under the joint guidance of the two heads of state, the all-round practical cooperation between China and Russia has broad prospects, which bears positive significance in tackling major challenges facing the world and boosting world economic recovery.
Hamed Vafaei, director of the Center for Asian Studies at the University of Tehran, said that China and Russia have played positive roles in defending multilateralism, as well as fairness and justice in the world.
The two countries, Hamed Vafaei added, have also played irreplaceable roles in countering unilateralism and maintaining world stability.
Russian President Vladimir Putin will visit China and attend the opening ceremony of the Winter Olympics next year. Chen Yu, an expert of the China Institutes of Contemporary International Relations, said that it represents a clear sign of high-level development of China-Russia relations. Enditem
Photo : Chinese President Xi Jinping holds a virtual meeting with Russian President Vladimir Putin in Beijing, capital of China, Dec. 15, 2021. (Xinhua/Yin Bogu)