Connect with us

ASEAN

တရုတ်-လာအို ရထားလမ်းက ၂၀၂၂ ခုနှစ်တွင် စီးပွားရေးနာလန်ထူရေးအတွက် အရေးကြီးကြောင်း လာအိုဝန်ကြီးချုပ် ပြောကြား

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ဗီယင်ကျန်းရထားဘူတာရုံမှ ထွက်ခွာလာသည့် တရုတ်-လာအို ရထားလမ်း၏ Lane Xang EMU ရထားအား ဒီဇင်ဘာ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း Thanaleng ကုန်းတွင်းဆိပ်ကမ်း နှင့် ဗီယင်ကျန်း ထောက်ပံ့ပို့ဆောင်ရေးဇုန်း ဖွင့်လှစ်မှုသည် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးနာလန်ထူရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်တစ်ခုအား ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း လာအိုနိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်း၏ Lane Xang EMU ရထားပေါ်တွင် တရုတ်-လာအို ချစ်ကြည်ရေး Nongping မူလတန်းကျောင်းမှ ကျောင်းသူတစ်ဦးအား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစိုးရအနေဖြင့် လာအိုနိုင်ငံအား စီးပွားရေးအကြပ်အတည်းအတွင်းသို့ ကျရောက်ခြင်းမှ ကာကွယ်ရန် ဘဏ္ဍာရေးအခက်အခဲများအား ဖြေရှင်းရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း လာအိုနိုင်ငံဝန်ကြီးချုပ် Phankham Viphavanh က ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော အားလုံးပါဝင်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဗီယင်ကျန်း ပြည်တွင်း နေ့စဉ်သတင်းစာက ဒီဇင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ အွန်လိုင်း နှင့် အော့ဖ်လိုင်း နှစ်မျိုးလုံးဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးသို့ အစိုးရအဖွဲ့ဝင်များ ၊ ဗီယင်ကျန်း မြို့တော်ဝန် ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ နှင့် အစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်သည့် စိန်ခေါ်မှုများ ရှိလင့်ကစား အစိုးရသည် ဇန်နဝါရီ ၁ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ခရီးသွားများအား နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ရန် ဖွင့်ပေးခဲ့သည်။ ယင်းဆောင်ရွက်ချက်သည် ကပ်ရောဂါကြောင့် အပြင်းအထန်ထိခိုက်ခံစားခဲ့ရသည့် ခရီးသွားလုပ်ငန်း နှင့် ဝန်ဆောင်မှု ကဏ္ဍများအား ပြန်လည်သက်ဝင်လှုပ်ရှားလာစေရေး ဖြစ်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

COVID-19 ရောဂါကူးစက်မှုနှုန်းအား လျှော့ချရန် ကြိုးပမ်းနေသော်လည်း လာအိုနိုင်ငံ၌ ရောဂါဖြစ်ပွားမှုအသစ်အရေအတွက်သည် မြင့်မားနေဆဲ ဖြစ်သည်။အစိုးရသည် ပြည်တွင်းရောဂါကူးစက်ပြန့်နှံမှုများအား ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။ အစိုးရအနေဖြင့် လာမည့်လတွင် ကာကွယ်ဆေးထိုးနှံပြီးသော နိုင်ငံခြားသားဧည့်သည်များအား လာအိုနိုင်ငံသို့ လာရောက်ခွင့်ပြုရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ဖန်တီးသွားရန် နှင့် COVID-19 ရောဂါအား လူအုပ်စုအကြား ကိုယ်ခံအားစနစ် မြှင့်တင်ရန် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို သွက်လက်မြန်ဆန်စေရန် ကတိပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

လာအိုအစိုးရသည် နိုင်ငံတစ်ဝှမ်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပိုမိုမြှင့်တင်ရန် နည်းလမ်းများအားဆွေးနွေးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများဖြင့် နှစ်စဉ် အားလုံးပါဝင်သည့် အစည်းအဝေးအား ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————
(English Version)
China-Laos Railway vital for economic recovery in 2022: Lao PM
VIENTIANE, Dec. 25 (Xinhua) — The opening of the China-Laos Railway, Thanaleng Dry Port and Vientiane Logistics Park will create a solid foundation for economic recovery in 2022, the Lao prime minister has said.
Lao Prime Minister Phankham Viphavanh told an open government meeting on Thursday that the government was working hard to address financial difficulties to prevent Laos from being dragged into an economic crisis, local daily Vientiane Times reported on Friday.
The open meeting, held from Thursday to Friday in both online and offline platforms, was attended by cabinet members, the mayor of Lao capital Vientiane, provincial governors and representatives of state agencies.
Despite challenges posed by the COVID-19 outbreak, the government is opening up the country to tourists from 17 countries starting on January 1. The move should enable the country to revitalize tourism and service sectors, which have been hit hard by the pandemic, said the report.
Despite efforts to flatten the COVID-19 infection curve, the number of new cases in Laos remains high. The government is struggling to contain the spread of locally-transmitted cases. The government has pledged to expedite vaccination program in order to boost the population’s immunity to COVID-19 and to create a foundation for the opening up of Laos to vaccinated foreign visitors next month, said the report.
The government holds an open meeting every year to allow cabinet members and provincial governors to discuss ways to further boost socio-economic development and alleviate poverty nationwide. ■
Photo 1 – The Lane Xang EMU train of the China-Laos Railway departs from Vientiane Railway Station in Vientiane, Laos, Dec. 3, 2021. (Photo by Kaikeo Saiyasane/Xinhua)
Photo 2 – A student from the China-Laos Friendship Nongping Primary School is seen on the Lane Xang EMU train of the China-Laos Railway on Dec. 3, 2021. (Photo by Alan Liu/Xinhua)