Connect with us

Media

တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း၁၀၀ ကျော်တန်ဖိုးရှိကုန်စည်များ ရောင်းဝယ် ဖောက်ကားနိုင်ခဲ့

ကူမင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် ကုန်တင်ရထားပေါင်း ၁၁၆ စင်း သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ကူမင်းမြို့မှ ထွက်ခွါခဲ့ပြီး ဇန်နဝါရီ ၃ ရက်အထိ စုစုပေါင်း ကုန်စည် တန်ချိန်ပေါင်း ၄၉,၈၀၀ တန်ကျော် တန်ဖိုးအားဖြင့်ယွမ်ငွေ ၆၇၆ သန်းခန့် (အမေရိကန်ဒေါ်လာ ၁၀၆ သန်း) ကို ရောင်းဝယ်ဖောက်ကားနိုင်ခဲ့ကြောင်း ဒေသတွင်းအကောက်ခွန်ဌာနမှထုတ်ပြန်သည်။
ကူမင်းမြို့ အကောက်ခွန်ဌာနမှထုတ်ပြန်ချက်အရ ကုန်စည်အမျိုးအစား ရာနှင့်ချီအား အဆိုပါ ရထားလမ်းမှတစ်ဆင့် သွင်းကုန် ပို့ကုန်များအဖြစ် ရောင်းဝယ်ဖောက်ကားနိုင်ခဲ့သည်။
အဓိကကျသည့် ပြည်ပမှသွင်းကုန် များတွင် ရော်ဘာစိမ်း၊ သံသတ္တုရိုင်း နှင့် မီးသွေးများပါဝင်ပြီး ပြည်ပသို့ပို့ကုန်များတွင် လတ်ဆတ်သည့်အသီးအနှံများ၊ နေ့စဉ်သုံးပစ္စည်းများ၊ စက်ကိရိယာနှင့်လျှပ်စစ်ထုတ်ကုန်များအဓိက ပါဝင်သည်။
လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၇ ခုမှ မြို့ပေါင်း ၁၂ မြို့ရှိ ကုန်စည်များအား နိုင်ငံတကာ ကုန်တင်ရထားများဖြင့် လာအိုနိုင်ငံသို့ တရုတ်-လာအိုရထားလမ်းမှ တစ်ဆင့်ပို့ဆောင်ပြီး ထိုအထဲမှ ကုန်စည်အချို့အား မြန်မာ၊ထိုင်း နှင့် စင်ကာပူအစရှိသည့်နိုင်ငံတို့သို့ထပ်မံ တင်ပို့ရောင်းချခဲ့သည်။
တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့်လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တို့ကိုချိတ်ဆက်ဖောက်လုပ်ထားသည်။၎င်းမှာ နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်တည်ဆောက်သည့် ပထမဆုံး ပြည်ပရထားလမ်းတစ်ခုဖြစ်သည်။
ရထားလမ်းမှာ အရှည် ၁,၀၃၅ ကီလိုမီတာရှိပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ၏ အဆင့်မြင့်အရည်အသွေးရှိသော အထိမ်းအမှတ်စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင်စတင်ဖော်ဆောင်ခဲ့ကြောင်းသိရသည်။  (Xinhua)

……………………………
(English Version)
GLOBALink | China trades goods worth over 100 mln USD via China-Laos Railway

KUNMING, Jan. 8 (Xinhua) — The China-Laos Railway had operated 116 cargo trains via Kunming, southwest China’s Yunnan Province, as of Jan. 3, which transported more than 49,800 tonnes of goods worth about 676 million yuan (106 million U.S. dollars), the local customs said.

According to Kunming Customs, hundreds of varieties of goods have been imported and exported through this railway.

The major import commodities include natural rubber, iron ore and charcoal, while fresh vegetables, daily necessities, and mechanical and electrical products are among the leading export items.

Currently, goods from 12 cities in seven provinces across China have reached Laos by international cargo trains via the China-Laos Railway, and some commodities have been further exported to countries including Myanmar, Thailand and Singapore.

The China-Laos Railway connects China’s Kunming with the Lao capital Vientiane. It is the first overseas railway jointly constructed and operated by the two countries.

The 1,035-km railway, a landmark project of high-quality Belt and Road cooperation, started operation on Dec. 3, 2021.

Produced by Xinhua Global Service