Connect with us

Asia

တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာလည်ပတ်ရေး ဆုတောင်းပွဲအခမ်းအနားသို့ လာအိုနိုင်ငံ ဝန်ကြီးချုပ် တက်ရောက်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာလည်ပတ်ရေး အတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် Phankham Viphavanh တက်ရောက်နေသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဝန်ကြီးချုပ် Phankham Viphavanh သည် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်ရေးအတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂ ရက်က တက်ရောက်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တရုတ်-လာအို ရထားလမ်းတည်ဆောက်ခြင်းအကြောင်း လေ့လာနေသည့် ဝန်ကြီးချုပ် Phankham Viphavanh အား ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာလည်ပတ်ရေး အတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် Phankham Viphavanh တက်ရောက်နေသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာလည်ပတ်ရေး အတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် Phankham Viphavanh (လယ်) တက်ရောက်နေသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အရှည် ၁,၀၃၅ ကီလိုမီတာရှိသော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်နှင့် ဗီယင်ကျန်းမြို့အား ချိတ်ဆက်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်၌ ဖွင့်လှစ်ရန် စီစဉ်ထားသည်။

လာအိုနိုင်ငံတွင် Beuk Sokxayamoungkhoun ဟု လူသိများသော အဆိုပါ အခမ်းအနားသည် လာအိုရိုးရာဓလေ့တွင် အရေးပါသော ဘာသာရေးဆောင်ရွက်မှုတစ်ခု ဖြစ်သည်။ အဆိုပါ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့သည် မကောင်းသောအရာများကို ဖယ်ရှားပေးပြီး ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးမည်ဟု ပြည်သူများက ယုံကြည်ထားကြသည်။

ဒီဇင်ဘာ ၂ ရက်သည် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ၄၆ နှစ်ပြည့်အခါသမယလည်း ဖြစ်သည်။ လာအိုနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရထားလမ်းအား အောင်မြင်စွာတည်ဆောက်ခြင်းနှင့် အခြားသော အဓိကအောင်မြင်မှုများကို မီးမောင်းထိုးပြလျက် လာအို သမ္မတ Thongloun Sisoulith က နိုင်ငံ၏ အရေးပါသောအခါသမယ၌ မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်းတည်ဆောက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်တင်နှင့် ကုန်တင် လျှပ်စစ်ရထားလမ်းအား တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံချိန်စံနှုန်းများဖြင့် အပြည့်အဝတည်ဆောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(English Version)
Lao PM attends ceremony praying for smooth operation of China-Laos Railway
Source: Xinhua| 2021-12-02 18:46:12|Editor: huaxia
VIENTIANE, Dec. 2 (Xinhua) — Lao Prime Minister Phankham Viphavanh attended a traditional Lao ceremony Thursday in the country’s capital Vientiane, praying for the smooth operation of the China-Laos Railway.
The China-Laos railway, with a length of 1,035 km and connecting Kunming of southwest China’s Yunnan Province and Vientiane, is scheduled to start operation on Friday.
The ceremony, known as Beuk Sokxayamoungkhoun in Laos, is an important religious activity in the Lao tradition. People believe that the ritual will ward off bad things and bring good luck.
Thursday also marks the 46th anniversary of the founding of the Lao People’s Democratic Republic. Lao President Thongloun Sisoulith has addressed the nation on the occasion, highlighting the successful construction of the railway and other major achievements in the country’s infrastructure development.
The construction of the China-Laos railway started in December 2016. The electrified passenger and cargo railway is built with the full application of Chinese management and technical standards. Enditem
Photo : 1- Lao Prime Minister Phankham Viphavanh attends a traditional Lao ceremony praying for the smooth operation of the China-Laos Railway in Vientiane, Laos, Dec. 2, 2021. The China-Laos railway, with a length of 1,035 km and connecting Kunming of southwest China’s Yunnan Province and Vientiane, is scheduled to start operation on Friday. The construction of the China-Laos railway started in December 2016. The electrified passenger and cargo railway is built with the full application of Chinese management and technical standards. (Photo by Pan Longzhu/Xinhua)
2- Lao Prime Minister Phankham Viphavanh learns about the construction of the China-Laos Railway in Vientiane, Laos, Dec. 2, 2021. The China-Laos railway, with a length of 1,035 km and connecting Kunming of southwest China’s Yunnan Province and Vientiane, is scheduled to start operation on Friday. The construction of the China-Laos railway started in December 2016. The electrified passenger and cargo railway is built with the full application of Chinese management and technical standards. (Photo by Pan Longzhu/Xinhua)
3- Lao Prime Minister Phankham Viphavanh attends a traditional Lao ceremony praying for the smooth operation of the China-Laos Railway in Vientiane, Laos, Dec. 2, 2021. The China-Laos railway, with a length of 1,035 km and connecting Kunming of southwest China’s Yunnan Province and Vientiane, is scheduled to start operation on Friday. The construction of the China-Laos railway started in December 2016. The electrified passenger and cargo railway is built with the full application of Chinese management and technical standards. (Xinhua/Zhang Jianhua)
4 – Lao Prime Minister Phankham Viphavanh attends a traditional Lao ceremony praying for the smooth operation of the China-Laos Railway in Vientiane, Laos, Dec. 2, 2021. The China-Laos railway, with a length of 1,035 km and connecting Kunming of southwest China’s Yunnan Province and Vientiane, is scheduled to start operation on Friday. The construction of the China-Laos railway started in December 2016. The electrified passenger and cargo railway is built with the full application of Chinese management and technical standards. (Xinhua/Zhang Jianhua)