Connect with us

China

တရုတ်-အာဆီယံ နည်းပညာဖိုရမ်ကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပနေသည်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

နဝမအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်အား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နန်နင်းမြို့တွင် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသော ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်တွဲလျက် ကျင်းပမည့် အဆိုပါ အဆင့်မြင့်ဖိုရမ်အား အွန်လိုင်းရော အော့ဖ်လိုင်း (offline) ဖြင့်ပါ ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သိပ္ပံနှင့် နည်းပညာဌာနအရ သိရသည်။

ယင်းဖိုရမ်တွင် လူငယ် သိပ္ပံပညာရှင်များဖိုရမ်တစ်ခုနှင့် အဆင့်မြင့်နည်းပညာပြပွဲတစ်ခုကဲ့သို့ အစီအစဉ်များစွာ ထည့်သွင်းသွားမည်ဖြစ်သည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား အားလုံးပါဝင်သော၊ ဘက်စုံအဆင့်နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အစီအစဉ်များကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးပြန်လည်နာလန်ထူမှုအတွက် နည်းပညာပံ့ပိုးပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သော တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်သည် တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား တီထွင်ဆန်းသစ်မှု အောင်မြင်မှုများ ပြသခြင်းနှင့် တီထွင်ဆန်းသစ်ရေး ပူးပေါင်းဆောင်ရွက်မှု နှင့် နည်းပညာလွှဲပြောင်းမှု မြှင့်တင်ခြင်းအတွက် အရေးပါသောပလက်ဖောင်းအဖြစ် တိုးတက်လျက်ရှိသည်။ (Xinhua)

………………………………………..
(English Version)
China-ASEAN technology forum to be held in south China
Source: Xinhua| 2021-09-07 16:21:13|Editor: huaxia
NANNING, Sept. 7 (Xinhua) — The 9th Forum on China-ASEAN Technology Transfer and Collaborative Innovation will be held in Nanning, capital of south China’s Guangxi Zhuang Autonomous Region, from Sept. 9 to 13, regional authorities said Monday.
The high-level forum will be held both online and offline on the sidelines of the 18th China-ASEAN Expo, scheduled in Nanning from Sept. 10 to 13, according to the regional science and technology department.
The forum will feature a series of activities such as a forum of young scientists and an advanced technology exhibition.
It will also hold events to promote all-round, multi-level and extensive innovation cooperation between China, Japan, the Republic of Korea and ASEAN countries, aiming to provide technological support for the regional economic recovery.
Inaugurated in 2013, the Forum on China-ASEAN Technology Transfer and Collaborative Innovation has grown into an important platform for showcasing achievements in innovation and promoting innovation cooperation and technology transfer between China and ASEAN countries. Enditem
Photo taken on Sept. 12, 2018 shows the opening ceremony of the 15th China-ASEAN (the Association of Southeast Asian Nations) Expo and the China-ASEAN Business and Investment Summit in Nanning, south China’s Guangxi Zhuang Autonomous Region. (Xinhua/Huang Xiaobang)