Connect with us

Asia

တရုတ် ၊ ဗီယက်နမ် တပ်မတော် နှစ်ရပ် ဆေးဘက်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

ပေကျင်း ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ တပ်ဖွဲ့များသည် ဆေးဘက်ဆိုင်ရာပူးတွဲလေ့ကျင့်မှုတစ်ရပ်အား ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ တပ်မတော်တာဝန်ရှိသူများထံမှ သိရသည်။တရုတ်နိုင်ငံက လက်တွေ့လေ့ကျင့်မှုများအတွက် ဗီယက်နမ်နိုင်ငံ Mong Cai မြို့သို့ တပ်ဖွဲ့ဝင် ၈၄ ဦး ပါဝင်ဖွဲ့စည်းထားသည့် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့အား စေလွှတ်သွားမည် ဖြစ်ကြောင်း ၊ ယင်းသို့ ဆောင်ရွက်မှုသည် တပ်မတော်နှစ်ရပ်အကြား ပထမဆုံး ဖြစ်ကြောင်း ဗဟိုစစ်ကော်မရှင်(CMC)၏ ထောက်ပံ့ပို့ဆောင်ရေးဌာနထံမှ သိရသည်။

အဆိုပါလေ့ကျင့်မှုတွင် ငလျင် ဒဏ်ခံရပြီးပြီးချင်း ကူးစက်ရောဂါဖြစ်ပွားသည့် နိုင်ငံတစ်နိုင်ငံ၏ အခြေအနေမျိုးကို သရုပ်ဖော်လေ့ကျင့်ခြင်းများ ပါဝင်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး နှင့် ကပ်ရောဂါထိန်းချုပ်ရေး တို့နှင့် ဆက်စပ်သည့် လေ့ကျင့်မှုများ နှင့် လုပ်ငန်းများအား အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒဏ်ခံရပြီးပြီးချင်း ကူးစက်ရောဂါဖြစ်ပွားသည့် နိုင်ငံတစ်နိုင်ငံ၏ အခြေအနေမျိုးကို သရုပ်ဖော်လေ့ကျင့်ခြင်းများ ပါဝင်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေး နှင့် ကပ်ရောဂါထိန်းချုပ်ရေး တို့နှင့် ဆက်စပ်သည့် လေ့ကျင့်မှုများ နှင့် လုပ်ငန်းများအား အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းလေ့ကျင့်မှုများမှတစ်ဆင့် တပ်မတော်နှစ်ရပ်သည် ဆေးဘက်ဆိုင်ရာလုပ်ငန်းတွင် ၎င်းတို့၏ အတွေ့အကြုံများအား မျှဝေသွားနိုင်မည် ဖြစ်ပြီး ကူးစက်ရောဂါ တိုက်ဖျက်ရေး အပြန်အလှန် ဖလှယ်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစေကာ ၎င်းတို့၏ ပူးတွဲ ဘေးအန္တရာယ် လျော့ပါးသက်သာရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား တိုးတက်စေမည် ဖြစ်ကြောင်း ဗဟိုစစ်ကော်မရှင်(CMC)၏ ထောက်ပံ့ပို့ဆောင်ရေးဌာနထံမှ သိရသည်။ (Xinhua)

………………………………………….
(English Version)

Chinese, Vietnamese militaries to hold joint medical exercise

BEIJING, Dec. 1 (Xinhua) — Chinese and Vietnamese armed forces will conduct a joint medical exercise from Dec. 6 to 12, according to China’s military authorities.
China will send a medical detachment composed of 84 personnel to the Vietnamese city of Mong Cai for the field exercise, the first of its kind between the two militaries, according to the Logistics Support Department of the Central Military Commission (CMC).

The exercise involves a scenario in which a country is hit by an epidemic outbreak on the heels of an earthquake, and it will focus on training and tasks related to disaster relief, the rescue of the wounded, and epidemic control.

Through the exercise, the two militaries will share their experiences in medical work, deepen anti-epidemic exchanges and cooperation, and improve their joint disaster relief and rescue operations, according to the CMC Logistics Support Department. Enditem

Photo – Chinese soldiers prepare for blasting operations to clear plants before landmine removal efforts in the Guangxi section along the China-Vietnam border in south China’s Guangxi Zhuang Autonomous Region, Dec. 22, 2017. Chinese soldiers began their new landmine-sweeping mission along the China-Vietnam border on Nov. 27, 2017, covering 2.05 million square meters in 53 sites close to the Guangxi border. (Xinhua/Zhou Hua)