Connect with us

Asia

တာလီဘန်က မကြာမီ အစိုးရသစ် ဖွဲ့စည်းမည်ဟု ပြောကြား

ကဘူးလ် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တာလီဘန်ခေါင်းဆောင်များသည် အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။အစိုးရသစ် ဖွဲ့စည်းရေးအတွက် လွန်ခဲ့သောရက်အနည်းငယ်က နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်တွင် လူမြင်ကွင်းတွင်တွေ့ရခဲသည့် တာလီဘန်အုပ်စု၏ ထိပ်တန်းခေါင်းဆောင် Mullah Haibatullah Akhundzada က ဥက္ကဌအဖြစ်တာဝန်ယူကာ အခြားသော တာလီဘန်ခေါင်းဆောင်များနှင့်အတူ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အစိုးရသစ်သည် အာဖဂန်နိုင်ငံသားအားလုံးကို ကိုယ်စားပြုသည့် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မှုကို အခြေခံထားသော အစိုးရတစ်ရပ် ဖြစ်လိမ့်မည်ဟု ပြီးခဲ့သောအပတ်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)

Taliban says new government to be formed soon: Local media

KABUL, Sept. 1 (Xinhua) — Taliban leaders have ended talks on the formation of a new government, local media reported Wednesday.

The formation of the new government was discussed at a meeting of Taliban leaders chaired by the group’s elusive supreme leader Mullah Haibatullah Akhundzada in the southern Kandahar province a couple of days ago, according to the report.

Taliban spokesman Zabihullah Mujahid said last week that the new administration would be a broad-based government representing all Afghans. Enditem

Photo – A Taliban member checks a vehicle at a security checkpoint in Jalalabad, capital of Nangarhar province, Afghanistan, Aug. 31, 2021. (Photo by Hamedullah/Xinhua)