Connect with us

Africa & Middle East

တာလီဘန်များသိမ်းယူထားသည့် ရွှေ၊ငွေသားများအား အာဖဂန် ဗဟိုဘဏ်သို့ လွှဲပြောင်း

ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တာလီလန်တို့သည်ငွေသား အမေရိကန်ဒေါ်လာ ၁၂.၃ သန်းကျော်နှင့် ရွှေချောင်းအချို့ ကို နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော Da Afghanistan Bank (DAB) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သော ဘဏ်၏ ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။ယခင်အစိုးရ အရာရှိများ၏ အိမ်များ၊ ယခင်အစိုးရထောက်လှမ်းရေး အဖွဲ့၏ ဒေသဆိုင်ရာရုံးများမှ တွေ့ရှိခဲ့သော ငွေသားနှင့် ရွှေချောင်းများအား DAB ဘဏ်၏ ငွေတိုက်သို့ ပြန်အပ်ခဲ့ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်အစ္စလာမ်မစ်စော်ဘွား နိုင်ငံမှ အရာရှိများက ယင်းကဲ့သို့ ရှာဖွေတွေ့ရှိသော ဥစ္စာ ပစ္စည်း ပိုင်ဆိုင်မှုများအားနိုင်ငံတော်ဘဏ္ဍာ အဖြစ် ပြန်လည်လွှဲပြောင်းခြင်းဖြင့် ၎င်းတို့၏ပွင့်လင်းမြင်သာမှု ရှိရန် ကတိပြုချက်ကို သက်သေပြရာရောက်ကြောင်း” ထုတ်ပြန်ချက်ကဆိုသည်။

တာလီဘန်တို့သည် မြို့တော် ကဘူးလ် ကို သြဂုတ် ၁၅ ရက်တွင် သိမ်းယူပြီး နောက် စက်တင်ဘာ ၇
ရက်တွင် အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးများနှင့် အာဖဂန်ဗဟိုဘဏ်
ခေတ္တအုပ်ချုပ်ရေးမှူး တို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Taliban hands over seized cash, gold to Afghan central bank

KABUL, Sept. 16 (Xinhua) — The Taliban had handed over about 12.3 million U.S. dollars cash and some gold to Da Afghanistan Bank (DAB), the country’s central bank, a bank statement said Thursday.
The cash and gold bars found from the houses of former administration’s officials and local offices of former government’s intelligence agency have been returned to Da Afghanistan Bank’s treasury, the bank said in a statement.

“The officials of Islamic Emirate of Afghanistan by handing over the assets to national treasury proved their commitment to transparency,” the statement said.

ed the formation of a caretaker government on Sept. 7, appointing several acting ministers and an acting governor to the Afghan central bank. Enditem