Connect with us

Asia

တာလီဘန်များ အာဏာရသွားပါက အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီပေးမှုများ ရပ်ဆိုင်းမည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ပြော

ဘာလင် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များ အာဏာရရှိပြီး ရှာရီယာ(Sharia)ဥပဒေကို ကျင့်သုံးလာပါကဂျာမနီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီ ပေးနေမှုများအား ရပ်ဆိုင်းလိုက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။“ရှာရီယာဥပဒေကို ပြဌာန်းပြီး အဲဒီနိုင်ငံကို ဘာသာရေးအုပ်ချုပ်မှုထဲ ပြန်ပို့ရင်း တာလီဘန်တွေက အာဏာအကုန်သိမ်းလိုက်ရင် အာဖဂန်နစ္စတန်နိုင်ငံကို ကျွန်တော်တို့ တစ်ပြားမျှ ထပ်မပေးတော့ပါဘူး။”ဟု ဝန်ကြီးက ဂျာမန်ရုပ်သံလိုင်းများ ဖြစ်သည့် ARD နှင့် ZDF တို့မှ ထုတ်လွှင့်သည့် နံနက်ခင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် နိုင်ငံတကာအကူအညီ မပါဘဲ မရှင်သန်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ ယခုနှစ်တွင် အကူအညီ ယူရို ၄၃၀ သန်း (အမေရိကန်ဒေါ်လာ ၅၀၅ သန်းဝန်းကျင်) ထောက်ပံ့ခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ ယင်းပမာဏအတိုင်း နှစ်စဉ် ပေးအပ်ရန် ကတိပြုထားကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြောကြားခဲ့သည်။

ဂျာမနီတပ်ဖွဲ့များသည် NATO တပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုနှစ်ဇွန်လအထိ နှစ်ပေါင်း ၂၀ နီးပါးအကြာ တပ်စွဲခဲ့ကြောင်း သိရသည်။ (Xinhua)
#German #Afghanistan #Taliban #aid #ဂျာမနီနိုင်ငံ #အာဖဂန်နစ္စတန်နိုင်ငံ #တာလီဘန် #အကူအညီ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

—————————————————
(English Version)
German to stop paying aid to Afghanistan if Taliban takes power: FM

BERLIN, Aug. 12 (Xinhua) — German Foreign Minister Heiko Maas said Thursday that Germany would stop providing aid to Afghanistan if Taliban took over power in the country and applied Sharia law.

“We will not give a penny more to Afghanistan when the Taliban have completely taken over, introduced Sharia law and turned this country into a caliphate,” the minister said in a morning show broadcasted by German public networks ARD and ZDF.
He said Afghanistan cannot survive without international aid.

Germany has provided Afghanistan 430 million euros (around 505 million U.S. dollars) in aid this year, an amount that it promised to give annually until 2024, Maas said.

German troops were deployed as part of a NATO force in Afghanistan for nearly 20 years until June. Enditem
Photo – Taliban militants are seen inside the Ghazni city, eastern Afghanistan, Aug. 12, 2021. Taliban militants Thursday overran Afghanistan’s eastern Ghazni province’s capital city Ghazni, 150 km from the national capital Kabul, provincial council member Hasan Reza Yusufi said. (Str/Xinhua)