Connect with us

China

တိဘက်ဒေသ၌ 5G အခြေစိုက်စခန်း ၆,၆၀၀ တည်ဆောက်ထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၀ ပြည့်နှစ် မေ ၂၁ ရက်တွင် Qomolangma တောင်၏ ရှေ့ပြေးစခန်း၌ အမြင့်ပေ ၆,၅၀၀ မီတာတွင် တည်ဆောက်ထားသည့် 5G အခြေစိုက်စခန်း၏ အချက်ပြမှုများအား စစ်ဆေးနေကြစဉ်(ဆင်ဟွာ)

လာဆာ ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၁ ခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၃,၀၈၃ ခု တည်ဆောက်ခဲ့ပြီး ယင်းဒေသတွင် 5G အခြေစိုက်စခန်းအရေအတွက်မှာ စုစုပေါင်း ၆,၆၀၀ အထိ ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါကိန်းဂဏန်းအား ဒေသအစိုးရ၏ ယာယီဥက္ကဋ္ဌ Yan Jinhai က တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၁ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ ပဥ္စမအစည်းအဝေးတွင် ဇန်နဝါရီ ၄ ရက်၌ တင်သွင်းခဲ့သည့် အစိုးရအဖွဲ့အလုပ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

အောင်မြင်ဖြစ်ထွန်းမှုများအပေါ် အခြေခံပြီး တိဘက်ဒေသသည် ယခုနှစ်တွင် စက်မှုလုပ်ငန်းအင်တာနက်ပြည်သူ့ဝန်ဆောင်မှုစင်္ကြံတည်ဆောက်ရေးအား အရှိန်မြှင့်တင်သွားမည် ဖြစ်သည်။တိဘက်ဒေသသည် ပညာရေး ၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ၊ သယ်ယူပို့ဆောင်ရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးများတွင် 5G ကွန်ရက် အသုံးချခြင်းများနှင့် အသုံးချသိပ္ပံပညာများအား အားပေးသွားမည် ဖြစ်ကြောင်းလည်း ယာယီဥက္ကဋ္ဌ Yan Jinhai က ပြောကြားခဲ့သည်။

တိဘက်ဒေသ၏ ဒီဂျစ်တယ်စီးပွားရေးသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း မြင့်တက်လာရန် မျှော်မှန်းထားကြောင်း ယာယီဥက္ကဋ္ဌ Yan Jinhai က ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)

6,660 5G base stations built in Tibet

LHASA, Jan. 4 (Xinhua) — Southwest China’s Tibet Autonomous Region built 3,083 5G base stations in 2021, bringing the number of 5G base stations in the region to 6,660 in total.
The figure was released by Yan Jinhai, acting chairman of the regional government, in his government work report delivered Tuesday at the fifth session of the 11th People’s Congress of Tibet Autonomous Region.
Based on the achievements, Tibet will accelerate the construction of the industrial Internet public service platform this year. Tibet will also promote 5G network applications and technologies in education, medical care, transportation, and logistics, Yan said.
The region’s digital economy is expected to rise 10 percent this year, said Yan. ■
Photo – Staff members of China Mobile test the signals of the 5G base station built at an altitude of 6,500 meters at the advance camp of Mount Qomolangma in southwest China’s Tibet Autonomous Region on May 21, 2020. (Xinhua/Jigme Dorje)