Connect with us

COVID-19 UPDATES

တိုကျိုအိုလံပစ်အားကစားပွဲများတွင် ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံမှ အားကစားသမားများနှင့် နည်းပြအား COVID-19 စစ်ဆေးရာ ရောဂါပိုးတွေ့ရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အဓိကကျင်းပရာနေရာ အမျိုးသားအားကစားရုံအသစ်နှင့် အိုလံပစ်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အိုလံပစ်ကျေးရွာတွင် ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံမှ အားကစားသမား ၂ ဦး နှင့် နည်းပြ ၁ ဦး အား COVID-19 ပိုး စစ်ဆေးတွေ့ရှိပြီးနောက် တိုကျိုအိုလံပစ်အားကစားပွဲများမှ ထုတ်ပယ်ခဲ့ကြောင်း ထရီနီဒတ်နှင့်တိုဘက်ဂို အိုလံပစ်ကော်မတီက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။

အားကစားသမား ၂ ဦးဖြစ်သည့် အလျားခုန်အားကစားသမား Andwuelle Wright ၊ မီတာ ၄၀၀ တန်းကျော်အပြေးသမား Sparkle Ann McKnight နှင့် နည်းပြ Wendell Williams တို့အား COVID-19 ပိုးရှိကြောင်း အဖြေရရှှိပြီးနောက် တိုကျိုမြို့ရှိ ဟိုတယ်တစ်ခုသို့ ပြောင်းရွှေ့ကာ သီးသန့်နေထိုင်လျက်ရှိကြောင်း သိရသည်။

ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံသည် တိုကျိုအိုလံပစ်အားကစားပွဲ၌ ဆုတံဆိပ်တစ်ခုမျှ မရရှိသေးကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Trinidad and Tobago athletes, coach test positive for COVID-19 at Tokyo Olympics
TOKYO, July 31 (Xinhua) — Two track and field athletes and a coach from Trinidad and Tobago have been forced out of the Tokyo Olympics after testing positive for COVID-19 in the Olympic Village, the Trinidad and Tobago Olympic Committee announced on Friday.
The two athletes, long jumper Andwuelle Wright and 400m hurdler Sparkle Ann McKnight, along with coach Wendell Williams, are now transferred and isolated in a hotel in Tokyo after the positive results.
Trinidad and Tobago has not won a medal yet at the Tokyo Olympics. Enditem