Connect with us

Asia

တိုကျို အိုလံပစ်ပွဲတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ နောက်ထပ် အားကစားသမားနှစ်ဦး ထပ်တိုး

၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်အား အားကစားပွဲနေရာများအားလုံး၌ COVID-19 ရောဂါဆိုင်ရာ တင်းကြပ်သော တန်ပြန်အစီအမံများဖြင့် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အိုလံပစ်ကျေးရွာတွင် နေထိုင်သည့် နောက်ထပ် အားကစားသမားနှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ရောဂါ အတည်ပြုထားသော အားကစားသမားများမှာ ၇ ဦးထိရှိလာပြီဖြစ်ကြောင်း ဂျပန်နိုင်ငံပိုင် NHK အသံလွှင့်ဌာနက ပြောကြားခဲ့သည်။အားကစားသမားများအားလုံးမှာ ပြည်ပမှဖြစ်ကြောင်း တိုကျို ၂၀၂၀ အားကစားပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာခဲ့သည်။ အိုလံပစ်ကျေးရွာတွင် နေထိုင်သည့် နောက်ထပ် နှစ်ဦးကိုလည်း ရောဂါကူးစက်ခံရကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အားကစားပွဲများနှင့် ဆက်စပ်ပြီး အိုလံပစ်ကျေးရွာပြင်ပတွင် နေထိုင်သည့် ဝန်ထမ်းတဦး အပါအဝင် အခြားသူ ၃ ဦးနှင့် ကော်မတီဝင် တစ်ဦးတို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

NHK ၏ အဆိုအရ ရောဂါကူးစက်မှုအသစ်များ တွေ့ရှိကြောင်း စတင်ကြေညာခဲ့သော ဇူလိုင် ၁ ရက်မှစ၍ အားကစားပွဲများနှင့် ဆက်စပ်သော ရောဂါကူးစက်မှုအရေအတွက် စုစုပေါင်းမှာ ၁၅၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Two more athletes test positive for COVID-19 at Tokyo Olympics

TOKYO, July 27 (Xinhua) — Two more athletes staying in the Olympic Village have tested positive for COVID-19, organizers said here on Tuesday.
Japan’s state broadcaster NHK said that the athletes were among seven new confirmed coronavirus cases.

Tokyo 2020 organizing committee announced that the athletes are from overseas. Two additional people from overseas, who are staying at the Olympic Village, were also confirmed as infected.
Three others, including a staff member related to the Games but staying outside the village, plus a committee employee, also tested positive for the coronavirus.

According to NHK, the total number of Games-related infections has reached 155 since July 1, when the committee started announcing new cases. Enditem

Photo : The 2020 Tokyo Olympics are taking place with strict COVID-19 countermeasures in place across all Games venues. (Xinhua/Zhu Zheng)