Connect with us

Europe

တူရကီနိုင်ငံတွင် COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုဖြင့် သူနာပြု သုံးဦး အဖမ်းခံ

အစ္စတန်ဘူလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသော လူများအား COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုစွပ်စွဲချက်ဖြင့် စက်တင်ဘာ ၇ ရက်က သူနာပြုသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။သတင်းအရ အစ္စတန်ဘူလ်မြို့ရှိ ဥရောပဘက်အခြမ်း Bahcelievler ခရိုင်အတွင်းက ပုဂ္ဂလိဆေးရုံတစ်ခု၌ အလုပ်လုပ်ကိုင်နေကြသော သူနာပြုများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တူရကီနိုင်ငံအတွင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Daily Sabah သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဆေးရုံတွင် အခကြေးငွေဖြင့် ၎င်းတို့၏ ဖောက်သည်များအတွက် သူနာပြုများက ကာကွယ်ဆေးသက်သေခံကတ်ပြား အတုများကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံ၌ နိုင်ငံသားများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများထံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ယင်းအချက်အလက်များအား နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်သိုလှောင်သိမ်းဆည်းစနစ်(databases) ထဲ နောက်ဆုံး အမည်စာရင်း ဝင်ရောက်သွားပြီးသူများသာ ကာကွယ်ဆေးထိုးနှံမှုပြီးစီးကြောင်း သက်သေခံလက်မှတ် ရရှိနိုင်မည်ဖြစ်သည်။

တနင်္လာနေ့တွင် စတင်အသက်ဝင်ခဲ့သည့် စည်းမျဉ်းသစ်အရ တူရကီနိုင်ငံအတွင်း ခရီးသွားလိုသူများ နှင့် လူစည်ကားရာ ရုပ်ရှင်ရုံ ၊ ကဇာတ်ရုံ နှင့် ဖြေဖျော်ရေးခန်းမထဲသွားရောက်လိုသူများအနေဖြင့် COVID-19 စစ်ဆေးမှု negative ရလဒ်အဖြေ သို့မဟုတ် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် ပြသရန် လိုအပ်သည်ဟု သိရသည်။
တူရကီနိုင်ငံတွင် လူပေါင်း ၈၃ သန်းအား ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိအချိန်ထိ နိုင်ငံ့လူဦးရေ၏ ၄၆.၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးထားပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်း အရသိရသည်။(Xinhua)

———————————————————
(English Version)

Turkish nurses detained for issuing fake COVID-19 vaccine cards

ISTANBUL, Sept. 7 (Xinhua) — Turkish police detained three nurses on Tuesday for allegedly providing fake COVID-19 vaccine cards to unvaccinated people, local media reported.
Acting on a tip-off, police teams apprehended the nurses who work at a private hospital in Bahcelievler district on the European side of Istanbul, said Turkey’s English newspaper Daily Sabah.
It noted that the nurses had been providing fake vaccine cards to their “customers” in exchange for money at the hospital.

Turkish citizens can get their vaccination certificates only after the healthcare personnel who administer vaccines enter the latest vaccination information into a database of the country’s Health Ministry.

Under a new regulation, which went into effect on Monday, Turks are required to present a negative COVID-19 test result or proof of vaccination for domestic travel and entry to crowded facilities such as cinemas, theaters and concert halls.

According to the ministry’s data, 46.9 percent of Turkish population has been fully vaccinated so far as part of the ongoing inoculation campaign in the country of 83 million. Enditem

A health worker receives a dose of COVID-19 vaccine from China in Istanbul, Turkey on Feb. 11, 2021. (Photo by Osman Orsal/Xinhua)