Connect with us

Europe

တူရကီနိုင်ငံ မာမာရာပင်လယ်၌ ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှု ဖြစ်ပွား

တူရကီနိုင်ငံ မာမာရာပင်လယ်၌ သွားလာနေသည့် သင်္ဘောတစ်စင်းအား ဇွန်လအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Canakkale ပြည်နယ်အနီးရှိ မာမာရာပင်လယ်၌ အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံခြားအလံလွှင့်တင်ထားသည့် ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှု ဖြစ်ပွားခဲ့ရာ အပျက်အစီးများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သံသတ္တုရိုင်းများ သယ်ဆောင်လာသည့် ၂၉၉ မီတာရှည်လျားသည့် Benitamou သင်္ဘောသည် ဘူဂေးရီးယားနိုင်ငံမှ အီဂျစ်နိုင်ငံသို့ ဂျုံစေ့များ သယ်ဆောင်လာသည့် ၁၇၂ မီတာ ရှည်လျားသည့် BC Vanessa သင်္ဘောနှင့် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်(ဂရင်းနစ်စံတော်ချိန် ၀၃၀၀)တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောများသည် Aegean ပင်လယ်ဆီသို့ Dardanelles ရေလက်ကြားအား မဖြတ်သန်းမီ ကျောက်ချရပ်နား ဇုန်တစ်ခုသို့ ဦးတည်သွားသည့်လမ်းကြောင်းပေါ်တွင် တိုက်မိခဲ့ခြင်း ဖြစ်ပြီး သင်္ဘောများသည် မြူပိတ်ဆိုင်းသော အခြေအနေအောက်တွင် သွားလာခဲ့ရကြောင်း တူရကီရုပ်သံလိုင်းတစ်ခု ဖြစ်သည့် TRT တွင် ဖော်ပြမှုအရ သိရသည်။

တိုက်မိမှု ဖြစ်ပွားခဲ့သည့် သင်္ဘောများအား Canakkale ပြည်နယ် Lapseki ခရိုင်အနီးရှိ Sevketiye ဒေသသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း TRT က ထည့်သွင်းဖော်ပြခဲ့သည်။

Benitamou သင်္ဘောသည် ပနမားနိုင်ငံအလံလွှင့်ထူကာ ခုတ်မောင်း သွားလာနေသည့်သင်္ဘောတစ်စင်း ဖြစ်ပြီး BC Vanessa သင်္ဘောသည် ဘာဘေးဒိုးစ်နိုင်ငံအလံ လွှင့်ထူကာ ခုတ်မောင်းသွားလာနေကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
2 cargo ships collide in Turkey’s Marmara Sea
ISTANBUL, Oct. 24 (Xinhua) — Two foreign-flagged cargo ships collided on Sunday in the Marmara Sea, off Turkey’s northwestern Canakkale Province, causing damage but no injuries, local media reported.
Benitamou, a 299-meter-long vessel carrying cast iron ore to China from Ukraine, reportedly collided with BC Vanessa, a 172-meter-long vessel carrying wheat to Egypt from Bulgaria, at around 6:00 a.m. local time (0300 GMT).
According to TRT, a Turkish public broadcaster, the ships crashed on their way to an anchor zone before passing the Dardanelles Strait towards the Aegean Sea and were traveling under foggy conditions.
The ships will be taken to the Sevketiye region near the Lapseki district of Canakkale, TRT added.
Benitamou is sailing under the Panama flag, while BC Vanessa is under the Barbados flag, according to reports. Enditem
Photo – Photo taken on June 11, 2021 shows mucilage known as “sea snot” in the Marmara Sea off Istanbul, Turkey. Turkey has been gearing up to combat the mucilage that has been plaguing the Marmara Sea in the country’s densely populated industrial region. (Photo by Osman Orsal/Xinhua)