Connect with us

International Organizations

တောင်ကိုရီးယားတိုက်လေယာဉ် အရေးပေါ်ဆင်းသက်မှု ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ၏ F-35A ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဆိုးလ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

F-35A ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၄ ရက်တွင် လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ဆင်းသက်သည့် ဂီယာပြဿနာကြောင့် အရေးပေါ်ဆင်းသက်မှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားလေတပ်၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်သည် ဆိုးလ်မြို့၏ အနောက်တောင်ဘက် ၁၅၀ ကီလိုမီတာခန့် အကွာတွင်တည်ရှိသော Seosan မြို့ရှိ လေတပ်စခန်း၏ ပြေးလမ်းပေါ်၌ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

အီလက်ထရောနစ်လေးကြောင်းစနစ်၏ အမျိုးအမည်မသိ ပြဿနာတစ်ခုကြောင့် လေယာဉ်ဆင်းသက်ဂီယာသည် ကောင်းစွာအလုပ်မလုပ်တော့ကြောင်း ၊ ထိုသို့အရေးပေါ်ဆင်းသက်ခဲ့ရခြင်းကြောင့် ထိခိုက်သေဆုံးမှုများ မရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံလေတပ်က ဖြစ်စဉ်အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် စီစဉ်နေပြီး စုံစစ်စစ်ဆေးသည့်ရလဒ်မထွက်မီ F-35A တိုက်လေယာဉ်များ ပျံသန်းမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
1st LD Writethru: S.Korean fighter jet makes emergency landing — media
SEOUL, Jan. 4 (Xinhua) — An F-35A stealth fighter jet made an emergency landing during a training flight on Tuesday for a landing gear problem, Yonhap news agency reported citing the South Korean air force.
The stealth fighter crash-landed at the runway of an airbase in Seosan, about 150 km southwest of Seoul, at around 12:51 p.m. local time.
The landing gear did not work for an unidentified defect of the electronic aviation system. No casualties were reported from the emergency landing.
The South Korean air force reportedly planned to investigate the cause of the accident and stop the flight of F-35A fighter jets before the investigation result come out. Enditem
Photo – South Korea`s first F-35A stealth fighter jet conducts a test flight. (Photo courtesy of the Defense Acquisition Program Administration-Yonhap)