Connect with us

COVID-19 UPDATES

တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ ငယ်ရွယ်သူများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသဖြင့် ပြည်သူများစွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် လာမည့်လအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ငယ်ရွယ်သူများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။

အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြားရှိ ငယ်ရွယ်သူ ၂.၇၇ သန်းခန့်သည် အောက်တိုဘာ ၁၈ ရက်မှစ၍ ပထမဆုံး ကာကွယ်ဆေးထိုးနှံရမည်ဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) အရ သိရသည်။

ဇူလိုင်လအစောပိုင်းက COVID-19 တစ်ကျော့ပြန်ဖြစ်ပွားချိန်မှစ၍ ငယ်ရွယ်သူများအကြား ရောဂါကူးစက်မှု မြင့်တက်လာသည့်သဖြင့် ဆယ်ကျော်သက်များအား ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ဩဂုတ်လတစ်လတည်းတွင်ပင် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြားရှိ ငယ်ရွယ်သူ ၃,၀၅၀ ဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးစမ်းသပ်တွေ့ရှိခဲ့သည်။

ထို့ပြင် ရောဂါပြင်းထန်မှုနှုန်း မြင့်မားနေသောကြောင့် ကိုယ်ဝန်ဆောင်သည် ၁၃၆,၀၀၀ ခန့်ကိုလည်း အောက်တိုဘာ ၁၈ ရက်မှစ၍ ကာကွယ်ဆေးထိုးနှံရန် ထောက်ခံချက်ပေးသွားမည်ဖြစ်သည်။ ရောဂါအခြေအနေဆိုးဝါးမှု ဖြစ်ပွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ရောဂါကူးစက်မှုနှုန်းသည် ကလေးမွေးဖွားသော အသက်အရွယ်ရှိ အခြားအမျိုးသမီးများထက် ခြောက်ဆပို၍မြင့်မားကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးအာဏာပိုင်များက ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၀ နှစ်နှင့်အထက်၊ ရောဂါအခံရှိသူများ စသည့် ရောဂါကူးစက်မှုလွယ်ကူသောအုပ်စုများအား အောက်တိုဘာ ၂၅ ရက်မှစ၍ အားဖြည့်ကာကွယ်ဆေး သို့မဟုတ် တတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြည်သူများ ကာကွယ်ဆေးထိုးနှံချိန်မှစ၍ တောင်ကိုရီးယားနိုင်ငံသည် စုစုပေါင်း လူဦးရေ ၃၈,၀၉၁,၉၅၃ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၇၄.၂ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သည်။

ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ အရေအတွက်မှာ ၂၃,၂၃၇,၉၁၇ သို့မဟုတ် နိုင်ငံ့လူဦးရေ၏ ၄၅.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နောက်ဆုံးကိန်းဂဏန်းအရ တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံဖြစ်ပွားသူ ၂,၃၈၃ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်မှုအရေအတွက်မှာလည်း ၃၀၃,၅၅၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

နေ့စဉ်ရောဂါဖြစ်ပွားမှုအရေအတွက်မှာ ဇူလိုင် ၇ ရက်မှစ၍ ရောဂါဖြစ်ပွားသူဦးရေ ၁,၀၀၀ အထက်ရောက်ရှိနေသည်မှာ ၈၃ ရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က နေ့စဉ်ပျမ်းမျှ ရောဂါကူးစက်မှုမှာ ၂,၂၈၈ ဦးရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
S.Korea to administer COVID-19 vaccines to pregnant women, minors aged 12-17
Source: Xinhua| 2021-09-27 14:38:10|Editor: huaxia
SEOUL, Sept. 27 (Xinhua) — South Korea’s health authorities said Monday that it will administer COVID-19 vaccines to pregnant women and minors aged 12-17 from next month in a bid to vaccinate more people amid the continued COVID-19 resurgence.
About 2.77 million minors aged between 12 and 17 will receive their first dose of vaccines from Oct. 18, according to the Korea Disease Control and Prevention Agency (KDCA).
The teenager vaccination plan was announced as the number of infections among minors rose fast since the COVID-19 resurgence in early July. In August alone, 3,050 minors aged 12-17 tested positive for the virus.
Around 136,000 pregnant women will be recommended to receive the vaccines from Oct. 18 due to the higher rate of severe cases. The rate of pregnant women’s infections that can develop into severe cases is six times higher than other women of childbearing age.
The health authorities also planned to administer booster shots, or the third dose, to medical workers and the virus-vulnerable groups, such as those aged 60 or older and patients with underlying conditions, beginning from Oct. 25.
Since the mass vaccination was launched on Feb. 26, the country has administered COVID-19 vaccines to a total of 38,091,953 people, or 74.2 percent of the total population.
The number of fully vaccinated people was 23,237,917, or 45.3 percent of the population.
In the latest tally, South Korea reported 2,383 more cases of COVID-19 for the past 24 hours, lifting the total number of infections to 303,553.
The daily caseload hovered above 1,000 for 83 straight days since July 7. The daily average tally for the past week was 2,288. Enditem
Photo : Medics work at an Open Walk-Through checkpoint in Incheon International Airport, South Korea, March 27, 2020. South Korea reported 91 more cases of the COVID-19 compared to 24 hours ago as of midnight Friday local time, raising the total number of infections to 9,332. (Photo by Lee Sang-ho/Xinhua)