Connect with us

International Organizations

တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းကျွန်းစုတွင် သင်္ဘောတိမ်းမှောက်ပြီးနောက်တရုတ် နိုင်ငံသား၂ ဦး အားကယ်တင်နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံ Mokpo ဆိပ်ကမ်း၌ နစ်မြုပ်ရာမှဆွဲယူလာသော တောင်ကိုရီးယားခရီးသည်တင်သင်္ဘော Sewol အား ၂၀၁၇ ခုနှစ်၊ မတ် ၃၁ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံအရှေ့ဘက်အစွန်ဆုံး Dokdo (ဂျပန်က Takeshima ဟုခေါ်သော) ကျွန်းစု၌ ငါးဖမ်းလှေတစ်စီးတိမ်းမှောက်ပြီးနောက်တရုတ်သင်္ဘောသားနှစ် ဦး ကို အောက်တိုဘာ ၂၁ ရက်တွင် ကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်နှစ်ဦး နှင့်အတူ တောင်ကိုရီးယားသင်္ဘောသားတစ် ဦးအား ရဟတ်ယာဉ်ဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်းအခြားအသက်ရှင်ကျန်ရစ်သူမတွေ့ရကြောင်း တရုတ်သံရုံး၏ပြောရေးဆိုခွင့်ရှိသူက တောင်ကိုရီးယားဘက်မှ ပြောကြားချက်အားကိုးကား၍ ပြောကြားခဲ့သည်။

၎င်းလှေပေါ်ပါတရုတ်သင်္ဘောသားလေး ဦး ၏မိသားစုများကို ဆက်သွယ်ရန်သက်ဆိုင်ရာဒေသအစိုးရများနှင့်လက်တွဲဆောင်ရွက်နေကြောင်းတရုတ်သံရုံးကပြောကြားခဲ့ သည်။

တောင်ကိုရီးယားအစိုးရသည် ရေတပ်သင်္ဘောလေးစင်း၊ ရဟတ်ယာဉ်သုံးစင်း၊ ပုံမှန်လေယာဉ်တစ်စင်း၊ တရားဝင်သင်္ဘောနှစ်စင်းနှင့် အရပ်သားငါးဖမ်းလှေနှင်စင်းစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံးမှ သိရသည်။

လူ၉ ဦးလိုက်ပါသွားသော အလေးချိန် ၇၂ တန်ရှိသင်္ဘောပေါ်တွင် တရုတ်နိုင်ငံသား ၄ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၃ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂ဦး တင်ဆောင်ထားကြောင်း၊ အောက်တိုဘာ ၂၀ ရက်ဒေသစံတော်ချိန် မွန်းလွဲ ၂း၂၄ နာရီDokdo ကျွန်းစု၏အရှေ့မြောက်ဘက် ၁၆၈ ကီလိုမီတာအကွာရှိနိုင်ငံတကာရေပြင်၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
2 Chinese rescued after boat capsizes off S.Korea’s eastern islets
SEOUL, Oct. 21 (Xinhua) — Two Chinese crew members were rescued Thursday after a fishing boat capsized in waters off South Korea’s easternmost islets of Dokdo (called Takeshima by Japan), according to the Chinese embassy in South Korea.
The two rescued members, together with a South Korean crew member, were taken to hospital by a helicopter, and no other survivors have been found, a spokesperson of the Chinese embassy said, citing the South Korean side.
The Chinese embassy said it is working with relevant local governments to contact the families of the four Chinese crew members aboard.
The South Korean government dispatched four naval ships, three helicopters, one fixed-wing aircraft, as well as two official ships and two civilian fishing boats for search operations, according to the Chinese embassy.
Nine people, four Chinese, three South Koreans and two Indonesians, were aboard the 72-ton ship when it tipped over at about 2:24 p.m. local time (0524 GMT) on Wednesday in international waters some 168 km northeast of the Dokdo islets. Enditem