Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ

တောင်ကိုရီးယားနိုင်ငံ Gwangju မြို့ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာနေရာအား ဇွန် ၉ ရက်က တွေ့ရစဉ်(NEWSIS/Handout via Xinhua)

ဆိုးလ် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၉ ဦးထက်မနည်း သေဆုံးသွားပြီး အခြားလူ ၈ ဦး ဒဏ်ရာရရှိကြောင်း Yonhap သတင်းအေဂျင်စီက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။

 တောင်ကိုရီးယားနိုင်ငံ Gwangju မြို့ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာနေရာအား ဇွန် ၉ ရက်က တွေ့ရစဉ်(NEWSIS/Handout via Xinhua)

တောင်ကိုရီးယားနိုင်ငံ Gwangju မြို့ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာနေရာအား ဇွန် ၉ ရက်က တွေ့ရစဉ်(NEWSIS/Handout via Xinhua)

နိုင်ငံအနောက်တောင်ပိုင်းရှိ Gwangju မြို့၌ အထပ်ငါးထပ်ရှိသော အဆောက်အဦအား ဖြိုဖျက်နေစဉ် ဇွန် ၉ ရက် ညနေပိုင်းတွင် ရုတ်တရက် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းပြိုကျမှုအား မီးသတ်တာဝန်ရှိသူများထံ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၂ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၇၂၂)တွင် အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ကားမှတ်တိုင်တွင် ရပ်တန့်ထားသော ဘတ်စ်ကားတစ်စီးသည် အပျက်အစီးပုံအောက် ဖုံးလွှမ်း ရောက်ရှိသွားကြောင်း ၊ သေဆုံးသူ ၉ ဦး နှင့် အခြား ဒဏ်ရာရရှိသူ ၈ ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် လူ ၁၇ ဦးအား ကယ်တင်နိုင်ခဲ့ပြီး အများစုမှာ အပျက်အစီးအောက်ရှိ ဘတ်စ်ကားပေါ်မှ ဖြစ်ကြောင်း နှင့် ပိတ်မိနေနိုင်သည့် လမ်းလျောက်သွားသူ သို့မဟုတ် ဆောက်လုပ်ရေးအလုပ်သမားများအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ နှင့် မီးသတ်တာဝန်ရှိသူများသည် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျအား စုံစမ်းစစ်ဆေးလျက် ရှိနေကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
9 killed, 8 injured in S. Korea’s building collapse
SEOUL, June 9 (Xinhua) — At least nine people have been confirmed dead and eight others injured in a building collapse accident in southwest South Korea, Yonhap news agency reported on Wednesday.
The five-story building under demolition unexpectedly collapsed on Wednesday afternoon at the southwestern city of Gwangju, and it was reported to the firefighting authorities at about 4:22 p.m. local time (0722 GMT).
A bus, which stopped at a station near the construction site, was buried with debris, killing nine people and leaving eight others wounded who were taken to a nearly hospital.
Rescuers saved 17 people, mostly those from the buried bus, and were searching for any trapped pedestrian or construction worker.
The police and the firefighting authorities were investigating the exact cause of the mishap. Enditem
1.Photo taken on June 9, 2021 shows the site of a building collapse accident in the southwestern city of Gwangju, South Korea. At least nine people have been confirmed dead and eight others injured in a building collapse accident in southwest South Korea, Yonhap news agency reported on Wednesday. (NEWSIS/Handout via Xinhua)
2.Photo taken on June 9, 2021 shows the site of a building collapse accident in the southwestern city of Gwangju, South Korea. At least nine people have been confirmed dead and eight others injured in a building collapse accident in southwest South Korea, Yonhap news agency reported on Wednesday. (NEWSIS/Handout via Xinhua)
3.Photo taken on June 9, 2021 shows the site of a building collapse accident in the southwestern city of Gwangju, South Korea. At least nine people have been confirmed dead and eight others injured in a building collapse accident in southwest South Korea, Yonhap news agency reported on Wednesday. (NEWSIS/Handout via Xinhua)