Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦ မီးလောင်းမှုဖြစ်ပွား

ကိပ်တောင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တော်ရှိ ဥပဒေပြု လွှတ်တော်တွင် ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းမီးလောင်မှုသည် အမျိုးသားလွှတ်တော်(အောက်လွှတ်တော်) အဆောက်အဦသို့ ကူးစက်လောင်ကျွမ်းသွားကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ပါလီမန်လမ်းမပေါ်ရှိ လွှတ်တော်ဝင်းအတွင်း တည်ရှိသော အဆောက်အဦတစ်လုံး၌ မီးညွန့်မီးတောက်များထွက်ပေါ်နေသည့် ဖုန်းဆက်သတိပေးမှုကို ကိပ်တောင်းမြို့တော် မီးသတ် နှင့် ကယ်ဆယ်ရေးဌာနက ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် လက်ခံရရှိခဲ့သည်ဟု မြို့တော်ဘေးကင်းလုံခြုံရေးကော်မတီ အဖွဲ့ဝင် Jean-Pierre Smith က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦမီးလောင်မှုဖြစ်ပွားနေသည်ကို ဇန်နဝါရီ ၂ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦမီးလောင်မှုဖြစ်ပွားနေသည်ကို ဇန်နဝါရီ ၂ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦမီးလောင်မှုဖြစ်ပွားနေသည်ကို ဇန်နဝါရီ ၂ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အခင်းဖြစ်နေရာသို့ အနီးအနားရှိ မီးသတ်ဌာနအသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင် ၃၆ ဦးခန့်ရောက်ရှိနေပြီး မီးညွန့်ထိန်းချုပ်နိုင်ရန်အတွက် နောက်ထပ်မီးငြိှမ်းသတ်ရေး အရင်းအမြစ်များကို ၎င်းတို့က ထပ်မံ တောင်းခံထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကနဦးအစီရင်ခံချက်များအရ မီးလောင်မှုသည် ရုံးခန်းတစ်ခုမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တောင်အာဖရိကပါလီမန်လွှတ်တော်ဝင်းတွင် ရာစုနှစ်တစ်ခု သက်တမ်းရှိ အဆောက်အဦများ တည်ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)

South African parliament building on fire: official

CAPE TOWN, Jan. 2 (Xinhua) — South Africa’s parliament in the legislative capital here caught fire on Sunday morning and has spread to the building of the National Assembly, the lower house, an official said.

Cape Town’s Fire and Rescue Services received a call in the early morning of a building alight in Parliament Street, which is within the precinct of the parliament, said Jean-Pierre Smith, mayoral committee member for safety and security, in a statement.

About 36 firefighters from different firefighting crews are on the scene and they request more resources to contain the fire, he said.
Initial reports indicated the fire started in an office space, he added.
The parliament complex has century-old buildings. Endite