Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံ တွင် COVID-19 ရောဂါ တတိယလှိုင်း အမြင့်ဆုံးသို့ရောက်ရှိရခြင်း အဓိကအကြောင်းအရင်းမှာ ဗီဇပြောင်း Delta ရောဂါပိုးကြောင့် ဖြစ်

တောင်အာဖရိကနိုင်ငံ ရှိ ဥယျာဉ်တစ်ခုတွင် ဇွန် ၁၂ ရက်၌လူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘတ် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံတွင် COVID-19 ရောဂါ တတိယလှိုင်း အထွတ်အထိပ် သို့ အမြင့်ဆုံး ရောက်ရှိခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ COVID-19 ရောဂါ ၏ ဗီဇပြောင်း Delta ရောဂါပိုးကြောင့် ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ ကျန်းမာရေးပညာရှင်က ဇွန် ၂၆ ရက်၌ ပြောကြားခဲ့သည်။တောင်အာဖရိကနိုင်ငံ KwaZulu-Natal ပြည်နယ် သုတေသနတီထွင်ဆန်းသစ်မှု နှင့် တိုင်းတာမှုလုပ်ငန်းစဉ် ပလက်ဖောင်း တာဝန်ခံဖြစ်သည့် Tulio de Oliveira က ဇွန် ၂၆ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗီဇပြောင်း Delta ရောဂါပိုး ၏ ကူးစက်နိုင်ခြေသည် အခြား ဗီဇပြောင်းရောဂါပိုးများထက် ပိုမိုပြင်းထန်ပြီး ဗီဇပြောင်း Delta ရောဂါပိုး သည် ကူးစက်မှုလျင်မြန်စွာ မြင့်တက်လာခဲ့ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Tulio de Oliveira က ဗီဇပြောင်း Delta ရောဂါပိုးကြောင့် အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုပျံ့ပွားစေခဲ့ပြီး လက်ရှိချိန်တွင် တောင်အာဖရိကနိုင်ငံ၌ ရောဂါပျံ့ပွားမှု အလွန်လျင်မြန်စွာ ဖြစ်ပွားစေခဲ့ကြောင်း နှင့် ကူးစက်မှုဖြစ်ပွားစေသည့် အဓိက ရောဂါပိုးအရင်းအမြစ် ဖြစ်လာစေခဲ့ကြောင်း ၊ လတ်တလောရက်ပိုင်းအတွင်း KwaZulu-Natal ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်း ၌ ရောဂါကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်၍ သုတေသနဆောင်ရွက်ခဲ့ရာတွင် ဗီဇပြောင်း Delta ရောဂါပိုး သည် အဓိက နေရာတွင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Mmamoloko Kubayi က သတင်းစာရှင်းလင်းပွဲ၌ တောင်အာဖရိကနိုင်ငံအနေဖြင့် လက်ရှိချိန်တွင် ကပ်ရောဂါ တတိယလှိုင်း၏ အထွတ်အထိပ် အခြေအနေသို့ရောက်ရှိနေပြီး ယခုအကြိမ် ကပ်ရောဂါလှိုင်း၏ သက်ရောက်မှု သည် ဒုတိယလှိုင်းထက် ပိုမိုဆိုးရွားစေမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ အမျိုးသားကူးစက်ရောဂါ သုတေသနဌာန၏ ဇွန် ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း တောင်အာဖရိကနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၇,၉၅၈ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၉၁၃,၈၆၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၅၇ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၉,၇၇၈ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါစစ်ဆေးရာတွင် ကူးစက်ခံထားရမှု တွေ့ရှိနှုန်း ၂၅.၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

(国际疫情)南非第三波新冠疫情高峰主要由德尔塔毒株引起

新华社约翰内斯堡6月26日电(记者荆晶)南非卫生专家26日表示,该国新冠疫情第三波高峰主要由新冠变异病毒德尔塔毒株引起。

南非夸祖鲁-纳塔尔省研究创新与测序平台负责人图利奥•德奥利韦拉在当天的新闻发布会上说,德尔塔毒株的传染性较其他毒株更强,德尔塔毒株现在已经成为确诊病例激增的主要原因。

德奥利韦拉说:“这一毒株最初在印度造成了新冠疫情蔓延,如今在南非传播十分迅速,已经成为一个主要的感染源。最近在夸祖鲁-纳塔尔省开展的社区传播研究显示,这一毒株已经占主导地位。”

南非卫生部代理部长玛莫罗科•库巴伊在新闻发布会上表示,南非当前正处于第三波疫情高峰,预计这波疫情的严重程度将会超过第二波。

南非国家传染病研究所当天公布的数据显示,过去24小时南非新增新冠确诊病例17958例,累计确诊1913861例;新增死亡病例157例,累计死亡59778例。新冠检测阳性率为25.6%。(完)

Photo
2021年6月12日,人们戴着口罩走在南非开普敦一个公园。(新华社记者吕天然摄)