Connect with us

Breaking News

တွန်ဂါနိုင်ငံတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

ဆူဗား၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တွန်ဂါနိုင်ငံ Nuku’alofa မြို့တော် မြောက်ဘက် ၆၅ ကီလိုမီတာခန့်အကွာ၊ Hunga Ha’apai ကျွန်းရှိ မီးတောင်ပေါက်ကွဲပြီးနောက် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်း၌ နိုင်ငံတစ်ဝန်း နောက်ထပ်ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ဆူနာမီသတိပေးချက်ကို တွန်ဂါ မိုးလေဝသလုပ်ငန်းက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ လှိုင်းလုံးများမှာ မြို့တော် Nuku’alofa အပါအဝင် Tongatapu အဓိကကျွန်းတွင်လည်း ရိုက်ခတ်ခဲ့ကြောင်း Radio New Zealand အရ သိရသည်။

အဆိုပါ မီးတောင်သည် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းကတည်းက ဆက်လက်ပေါက်ကွဲလျက်ရှိပြီး မီးတောင်ပြာများမှာ ပင်လယ်ရေပြင်အထက် ၅ – ၂၀ ကီလိုမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

တွန်ဂါနိုင်ငံ အမျိုးသား ဆူနာမီသတိပေးချက်စင်တာက ဇန်နဝါရီ ၁၄ ရက် အစောပိုင်းက ပင်လယ်ရေကြောင်း ဆူနာမီသတိပေးလျက် ထုတ်ပြန်ထားပြီး နိုင်ငံသားများအနေဖြင့် ကမ်းရိုးတန်းဒေသများမှ ဝေးဝေးနေထိုင်ကြရန် သတိပေးနှိုးဆော်ထားကြောင်း တွန်ဂါနိုင်ငံ သတင်းဝက်ဘ်ဆိုက်ဖြစ်သော Matangi Tonga Online အရ သိရသည်။

ပင်လယ်ရေလယ်ဗယ်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြောင်း လေ့လာတွေ့ရှိထားသော အချက်အလက်မှတ်တမ်းများကြောင့် Tongatapu ၊ Ha’apai နှင့် တွန်ဂါနိုင်ငံ တောင်ပိုင်းဒေသများအတွက် ဆူနာမီသတိပေးချက်ကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မီးတောင်ရှင်အခြေအနေကြောင့် တွန်ဂါနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများအားလုံးကိုလည်း ဇန်နဝါရီ ၁၅ ရက်က ခရီးစဉ်ပယ်ဖျက်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တွန်ဂါနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် အားကောင်းသော ရေစီးများနှင့် အန္တရာယ်ရှိသော လှိုင်းလုံးများကြောင့် ဖီဂျီနိုင်ငံရှိ ပြည်သူများအနေဖြင့် ကမ်းရိုးတန်းနေရာများနှင့် ကမ်းခြေမှ ဝေးဝေးတွင်နေထိုင်ကြရန် သတ္တုအရင်းအမြစ်များဦးစီးဌာန အကြံပြုထားသည်။

မီးတောင်ပေါက်ကွဲမှုမှ ဆူနာမီလှိုင်းလုံးများသည် ဖီဂျီကမ်းရိုးတန်းတစ်လျှောက်လုံး သက်ရောက်မှုရှိကြောင်း ယင်းဌာနက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Tsunami warning issued again in Tonga after volcanic eruption
2022-01-15 17:01:04 Category:Environment
SUVA, Jan. 15 (Xinhua) — Tonga issued on Saturday afternoon another nationwide tsunami warning after a violent eruption of a volcano in Tonga’s Hunga Ha’apai island, about 65km north of capital city Nuku’alofa.
The tsunami warning was issued by the Tonga Meteorological Services, according to Radio New Zealand. Waves have hit the main island of Tongatapu, including Nuku’alofa.
The volcano has erupted continuously since Friday morning, raising the plume to altitude 5-20 km above sea level.
According to Tonga’s news website Matangi Tonga Online, Tonga’s National Tsunami Warning Center issued a national tsunami marine warning early Friday, alerting Tongans to stay away from coastal areas, after swirling abnormal tides drew crowds to the Nuku’alofa waterfront.
The tsunami warning was cancelled for Tongatapu, Ha’apai and southern Tonga on Saturday morning because the observation data recorded from the tide gauge at Nuku’alofa indicated that the state of the sea level was back to normal.
All domestic flights in Tonga were cancelled on Saturday due to the active volcano.
Meanwhile, in Fiji, the Mineral Resources Department has advised the public, especially those in low lying coastal areas to stay out of the water and away from the shore due to strong currents and dangerous waves as a result of volcanic eruptions in Tonga.
The department said tsunami waves from these volcanic eruptions are in effect along the entire Fiji coastline. Enditem