Connect with us

North America

ထိုင်ဝမ်ရေလက်ကြားတစ်ခွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ချိုးဖောက်မှု ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတက်ရောက်နေသော နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရပုဂ္ဂိုလ် Zhu Fenglian အား နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကိစ္စနှင့် ဆက်လျဉ်းသော မှားယွင်းသော မှတ်ချက်များနှင့် အပြုအမူများကို ရပ်စဲရန်၊ “ထိုင်ဝမ်လွတ်လပ်ရေး” တပ်ဖွဲ့များအား မှားယွင်းသော အချက်ပြမှုများ ပေးပို့မှု ရပ်စဲရန်နှင့် ထိုင်ဝမ်ရေလက်ကြားတစ်ခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထပ်မံချိုးဖောက်မှုများကို ရပ်စဲရန် တရုတ်ပြည်မကြီး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာ ပြောခွင့်ရပုဂ္ဂိုလ် Zhu Fenglian က အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၏ ထိုင်ဝမ်နှင့်ဆက်စပ်သောပြောကြားချက်များအား တုန့်ပြန်သောအားဖြင့် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရအနေဖြင့် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက် သုံးရပ်ကို လိုက်နာရန် အပြုသဘောဆောင်သော လုပ်ရပ်များ ဆောင်ရွက်သင့်ကြောင်း Zhu က ဆိုသည်။

ထို့ပြင် ၎င်းက ထိုင်ဝမ်ရှိ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (Democratic Progressive Party) ကိုလည်း “လွတ်လပ်ရေး” ရယူရန် ပြည်ပအင်အားများနှင့် ပူးပေါင်းကြံစည်သည့် မည်သည့်လုပ်ဆောင်ချက်များမဆို ရှုံးနိမ့်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

———————————–
(English Version)
U.S. urged to stop violating peace, stability across Taiwan Strait
Source: Xinhua| 2021-11-11 21:55:26|Editor: huaxia
BEIJING, Nov. 11 (Xinhua) — A Chinese mainland spokesperson on Thursday urged the United States to cease its erroneous remarks and behaviors concerning the Taiwan question, cease sending erroneous signals to “Taiwan independence” forces, and cease further violating peace and stability across the Taiwan Strait.
Zhu Fenglian, a spokesperson for the Taiwan Affairs Office of the State Council, made the remarks in response to U.S. Secretary of State Antony Blinken’s remarks concerning Taiwan.
The U.S. government should take concrete actions to abide by the three China-U.S. joint communiques, Zhu said.
She also warned the Democratic Progressive Party authority in Taiwan that any acts to collude with foreign forces to seek “independence” will fail. Enditem
Photo : (211110) — BEIJING, Nov. 10, 2021 (Xinhua) — Zhu Fenglian, a spokesperson for the State Council’s Taiwan Affairs Office, attends a press conference in Beijing, capital of China, Nov. 10, 2021. TO GO WITH “Cross-Strait tensions not to ease until ‘Taiwan independence’ provocations cease: spokesperson” (Xinhua/Chen Yehua)