Connect with us

Asia

ထိုင်းနိုင်ငံက ခရီးသွားအစီအစဉ် တိုးချဲ့ပြီးနောက် နိုင်ငံတကာခရီးသွားများ ပိုမိုကြိုဆိုလျက်ရှိ

ဘန်ကောက်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ဩဂုတ် ၁၆ ရက် ခရီးသွား အစီအစဉ်အသစ် စတင်အသက်ဝင်ချိန်မှစ၍ ဖူးခက်နောက်ပိုင်းရှိ အခြားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသောနေရာများသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၃,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးအခြေအနေ စီမံခန့်ခွဲမှုဦးစီးဌာနက ဩဂုတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။“Phuket Sandbox 7+7 Extension” အစီအစဉ်အရ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံတကာ ခရီးသွားများအနေဖြင့် ဖူးခက်တွင် မဖြစ်မနေ နေထိုင်ချိန်အား ၁၄ ရက်မှ ၇ ရက်အထိ လျှော့ချပေးခဲ့ပြီး နောက်ထပ် ၇ ရက်ကိုမူ ခရီးသွားလုပ်ငန်း အထင်ကရနေရာများဖြစ်သော ကရာဘိ၊ ဖန်င သို့မဟုတ် စူရတ်ဌာနီတို့၌ နေထိုင်နိုင်ကြောင်း သိရသည်။

“ဒီအစီအစဉ်က ကာကွယ်ဆေး အပြည့်အဝထိုးနှံထားတဲ့ နိုင်ငံတကာခရီးသွားတွေကို တဖြည်းဖြည်း ပြန်လည်ဖွင့်ပေးဖို့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်တိုးတက်မှု ဖော်ပြတာဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) အုပ်ချုပ်ရေးမှူး Yuthasak Supasorn က ပြောခဲ့သည်။

ကျန်းမာရေးနှင့် ဘေးကင်းရေး သင့်လျော်သောဆောင်ရွက်ချက်များ ပြင်ဆင်ပြီးပါက အဆိုပါ စာရင်းတွင် ခရီးသွားနေရာများ ထပ်မံဖြည့်စွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

ရောဂါဖြစ်ပွားမှု နည်းပါးနှင့် အလယ်အလတ် အန္တရာယ်ရှိသောနိုင်ငံများမှ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသော ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ကွာရန်တင်း (quarantine) နှစ်ပတ်နေထိုင်ရန်မလိုဘဲ ဖူးခက်ကျွန်းသို့ လာရောက်လည်ပတ်ရန် ခွင့်ပြုထားသည့် ဇူလိုင် ၁ ရက်မှစတင်ခဲ့သော Phuket Sandbox အစီအစဉ်အရ ထိုင်းနိုင်ငံအတွင်းသို့ စုစုပေါင်း ခရီးသွား ၂၄,၁၉၀ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသွားဧည့်သည်များမှာ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံများမှဖြစ်သည်။ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအား အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံအနေဖြင့် အောက်တိုဘာလလယ်မတိုင်မီ ယင်းကဏ္ဍပြန်လည်ထိန်းသိမ်းရန်နှင့် ကာကွယ်ဆေးထိုးနှံထားသော နိုင်ငံခြားသားခရီးသွားများ အတွက် နိုင်ငံတစ်ဝန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Thailand welcomes more international tourists after expansion of travel program

Bangkok, Aug. 25 (Xinhua) — Over 3,000 international tourists have visited other designated tourist areas beyond Phuket in Thailand since a new program took effect on Aug. 16, Thailand’s Center for Economic Situation Administration said Tuesday.

The “Phuket Sandbox 7+7 Extension” program reduces the mandatory stay in Phuket for fully vaccinated international travelers from 14 to 7 days, after which another seven days can be spent in alternative tourism hotspots in Krabi, Phang-Nga or Surat Thani.

“The program signifies the progress of Thailand’s plan to gradually reopen to fully vaccinated international travelers.” said Yuthasak Supasorn, Governor of the Tourism Authority of Thailand (TAT).

More destinations will be added to the list, once the preparation of appropriate measures on health and safety are fully in place, he added.

So far, there have been a total of 24,190 tourists visiting the country under the Phuket Sandbox scheme, which was launched on July 1, allowing vaccinated foreign tourists from low-and-medium-risk countries to visit the island without undergoing a two-week quarantine.

The primary countries of origin of these travelers are the United States, Britain, Israel, France and Germany.
Tourism is regarded as a key driver for the Thai economy. The country attempts to restore the sector and prepare for a nationwide reopening for vaccinated foreign visitors by mid-October. Enditem

Photo : A participant flies a kite at the Pattaya beach in Pattaya, Thailand, April 9, 2021. Pattaya Kite on the Beach 2021 will be held from April 9 to 19. (Xinhua/Zhang Keren)