Connect with us

Asia

ထိုင်းနိုင်ငံက သားသတ်ရုံ၌ အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှု တွေ့ရှိ

ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။ဝက်မွေးမြူရေးခြံများ နှင့် သားသတ်ရုံများမှ စုဆောင်းရယူထားသည့် ဓာတ်ခွဲနမူနာ ၃၀၉ ခုအနက် ဓာတ်ခွဲနမူနာ ၁ ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါပိုး မပြန့်ပွားစေရေး နှင့် တိရစ္ဆာန်ရောဂါ၏ အရင်းအမြစ်ကို ခြေရာခံရန် ထိုနေရာသို့ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးရန် အစိုးရအား တိုက်တွန်းလှုံ့ဆော်ထားကြောင်း စိုက်ပျိုးမွေးမြူရေး နှင့် သမဝါယမ ဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံတာဝန်ရှိသူများသည် တွေ့ရှိချက်အား ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းသို့ တင်ပြသွားမည် ဖြစ်ကြောင်း မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ Soravit Thaneeto ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းအရ တာဝန်ရှိသူများက ရောဂါပိုးဓာတ်ခွဲနမူနာတွေ့ရှိခဲ့သည့်နေရာ ၅ ကီလိုမီတာအား ကပ်ရောဂါဖြစ်ပွားသည့်ဇုန်အဖြစ် ကြေညာသွားမည် ဖြစ်ကြောင်း နှင့် ယင်းဇုန်အတွင်းရှိ မွေးမြူထားသည့် ဝက်များအား သုတ်သင်သွားရန် စဉ်းစားထားကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)

Thailand detects African swine fever infection at slaughterhouse

BANGKOK, Jan. 11 (Xinhua) — Thailand said on Tuesday that it has detected African swine fever infection in a surface swab sample collected from a slaughterhouse in the central Nakhon Pathom province, the first presence of the animal disease in the country.

One sample tested positive for African swine fever out of 309 samples collected at pig farms and slaughterhouses, prompting the government to send experts there to trace the source of the animal disease and stop the virus from spreading, according to the Department of Livestock Development under the Ministry of Agriculture and Cooperatives.

The Thai authorities will report the finding to the World Organization for Animal Health, local media cited Soravit Thaneeto, head of the department, as saying.

The authorities will declare a 5-km epidemic outbreak zone where the sample was found and consider culling live pigs within the zone, according to the protocol to contain the animal disease. Enditem