Connect with us

ASEAN

ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၄၀ ကျော် ထိုးနှံပေးထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာလ ၁၁ ရက်တွင် နှာခေါင်းစည်း ၊ မျက်နှာအကာအကွယ်များ ဝတ်ဆင်၍ ကပြဖျော်ဖြေနေကြသည့် ထိုင်းကချေသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက ယခုအချိန်ထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၄၀ ကျော် ထိုးနှံပေးထားကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှု ခံယူထားပြီး တစ်ချိန်တည်းမှာပင် ၁၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)မှ ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

ထိုင်းနိုင်ငံသည် ယခုနှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံရန် ရည်မှန်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၁၂ ရက်တွင် COVID-19 လူနာသစ် ၁၄,၀၉၂ ဦး နှင့် သေဆုံးသူ ၁၈၀ ဦး ရှိခဲ့ကြောင်း CCSA ထံမှ သိရသည်။

ထပ်မံစစ်ဆေးတွေ့ရှိခဲ့သော လူနာသစ်များကြောင့် ထိုင်းနိုင်ငံ၌ COVID-19 လူနာပေါင်း ၁,၃၈၂,၁၇၃ ဦး နှင့် သေဆုံးသူပေါင်း ၁၄,၃၅၃ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

နိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့သည် ပြီးခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၃,၃၅၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်းရှိ အခြားပြည်နယ်များထက် ရောဂါဖြစ်ပွားမှု မြင့်မားနေကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Thailand administers over 40 mln doses of COVID-19 vaccines
BANGKOK, Sept. 12 (Xinhua) — Thailand has administered more than 40 million doses of COVID-19 vaccine so far, according to official figures released on Sunday.
Nearly 40 percent of the country’s population have received their first dose of the COVID-19 vaccine, while 18 percent have been fully vaccinated, data from the Center for COVID-19 Administration (CCSA) showed.
Thailand aims to inoculate 70 percent of its population by the end of this year.
Thailand logged 14,092 new confirmed cases of COVID-19 and 180 more deaths from the pandemic on Sunday, according to the CCSA.
The new cases raised the total number of coronavirus infections to 1,382,173 in the Southeast Asian country, including 14,353 deaths.
The capital Bangkok recorded 3,356 new cases over the past 24 hours, higher than any other province in the country. Enditem
Photo -Thai dancers wearing masks and face shields perform at the Erawan Shrine in Bangkok, Thailand, on Sept. 11, 2021. Thailand on Saturday reported 15,191 new COVID-19 cases and 253 more fatalities, according to the Center for COVID-19 Situation Administration (CCSA).
After assessing the situation, the Thai government eased some restriction measures, allowing shopping malls and parks to reopen from this month, but it has kept the night-time curfews in place till the end of this month. (Xinhua/Rachen Sageamsak)