Connect with us

ASEAN

ထိုင်းနိုင်ငံက COVID-19 နှာခေါင်းဖျန်း ကာကွယ်ဆေးများ ယခုနှစ်ကုန်တွင် လူသားဖြင့် စမ်းသပ်မှု စတင်မည်

ထိုင်းနိုင်ငံ Samut Prakan ၌ ဩဂုတ် ၉ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွဦ)

ဘန်ကောက် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

ကြွက်များတွင် စမ်းသပ်မှု အလားအလာကောင်းသော ရလဒ်များ ရရှိပြီးနောက် ထိုင်းနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် နှာခေါင်းမှတစ်ဆင့်ဖျန်းရသော COVID-19 ကာကွယ်ဆေး နှစ်မျိုးကို လူသားဖြင့် စမ်းသပ်မှုများ စတင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အက်ဒီနိုဗိုင်းရပ်စ်ဗစ်တာအခြေပြု နှင့် အင်ဖလူရမ်ဇာဗိုင်းရပ်ဗစ်တာ အခြေပြု COVID-19 ကာကွယ်ဆေးများအား ထိုင်းနိုင်ငံ မျိုးရိုးဗီဇပြုပြင်ဖန်တီးခြင်း နှင့် ဇီဝနည်းပညာဆိုင်ရာ အမျိုးသားစင်တာမှ ထုတ်လုပ်ခဲ့ကြောင်း စင်တာ လက်အောက်ရှိ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆန်းသစ်တီထွင်ခြင်း နှင့် စီမံခန့်ခွဲရေး သုတေသနအဖွဲ့၏ ညွှန် ကြားရေးမှူး Anan Jongkaewwattana က ပြောကြားခဲ့သည်။

ကြွက်များဖြင့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် စင်တာက လူသားဖြင့် စမ်းသပ်မှုများ ပထမအဆင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ရန် စီစဉ်ခဲ့ကြောင်း ၊ ထိုင်းနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာနမှ ခွင့်ပြုချက်ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်မှုများတွင် ကာကွယ်ဆေး၏ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး တိုက်ဖျက်မှု ကာကွယ်ရေးကိုလည်း စမ်းသပ်သွားမည် ဖြစ်ကြောင်း ညွှန် ကြားရေးမှူး Anan Jongkaewwattana က ပြောကြားခဲ့ပြီး လူသားဖြင့် စမ်းသပ်မှုများ၏ ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း နှင့် အကယ်၍ စမ်းသပ်မှုများ ကောင်းမွန်ပါက ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆေးပမာဏအမြောက်အမြား ထုတ်လုပ်မှုအတွက် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.