Connect with us

ASEAN

ထိုင်းနိုင်ငံအနှံ့ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို အရေအတွက်လျှော့ချသွားရန်ရှိ

ဘန်ကောက် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်နှံ့မှုအား ထိန်းချုပ်ရန် အလို့ငှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များသွားလာမှုကို ဇူလိုင် ၂၁ ရက်မှစတင်၍ ထပ်မံကန့်သတ်သွားမည် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ထိုင်းနိုင်ငံရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် အမျိုးအစားအားလုံးသည် ခရီးသည်အရေအတွက်ကို အများဆုံးသယ်ပို့နိုင်စွမ်း၏ ထက်ဝက်အထိ လျှော့ချသွားရမည် ဖြစ်ပြီး ယင်းမှာ ဇူလိုင် ၂၀ ရက်မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်မီအချိန်ထိ အသက်ဝင်နေမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့နှင့် အခြား ကူးစက်မှုများပြားသော ပြည်နယ်များ၏ ပြည်တွင်းလေကြောင်းပျံသန်းသွားလာမှုများကိုလည်း ဇူလိုင် ၂၀ ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Taweesin က ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ နေ့စဉ်လူနာအရေအတွက်သည် သိသိသာသာ ဆက်လက်မြင့်တက်နေပြီး လက်ရှိကန့်သတ်ချက်များက ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို မတားဆီးနိုင်သဖြင့် ထပ်မံ၍ ပြည်နယ်သုံးခုအား ခရီးသွားလာမှု ထိန်းချုပ်ရေး ၊ ညအချိန် အပြင်မထွက်ရအမိန့် နှင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းခြင်းများ အပါအဝင် တင်းကြပ်သည့် အစီအမံများ တိုးချဲ့သွားမည်ဟု ဇူလိုင် ၁၈ ရက်တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ အစိုးရက ဖွဲ့စည်းဆောင်ရွက်နေသော COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) က ကူးစက်မှုအန္တရာယ်မြင့်မားသည့် ဒေသများတွင် နေထိုင်ကြသူများအား အပြင်မထွက်ဘဲ နေအိမ်များတွင် တတ်နိုင်သမျှ နေထိုင်ကြရန် အလေးအနက် အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံသည် ဇူလိုင် ၁၉ ရက်တွင် COVID-19 လူနာသစ် ၁၁,၇၈၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လေးရက်ဆက်တိုက် လူနာဦးရေ စံချိန်တင်မြင့်တက်ခဲ့ရာ အတည်ပြုလူနာ စုစုပေါင်း ၄၁၅,၁၇၀ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ထို့အတူ ထိုင်းနိုင်ငံ၌ သေဆုံးသူ ၈၁ ဦး ထပ်တိုးလာခဲ့ပြီး သေဆုံးသူပေါင်း ၃,၄၂၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————–
(English Version)

Thailand to reduce public transportation capacity nationwide

BANGKOK, July 19 (Xinhua) — Public transportation in Thailand will be further restricted from Wednesday under stepped-up measures to contain the spread of the coronavirus, the Center for the COVID-19 Situation Administration (CCSA) spokesman Taweesin Visanuyothin said on Monday.

All types of public transport in the country will have to reduce the number of passengers to half of the maximum capacity, effective from Wednesday until further notice, Taweesin said.
Domestic flights in and out of Bangkok and other most infected provinces will be temporarily banned from Wednesday, he added.

Thailand on Sunday announced an expansion of restrictive measures that include travel curbs, a night-time curfew and shopping mall closures to cover three more provinces as the current restrictions failed to contain the spread of coronavirus and the number of daily cases continued to rise sharply.
The government-run CCSA has strongly advised people who live in high-risk areas to stay at home as much as possible.

Thailand reported 11,784 new COVID-19 cases on Monday, a record number for the fourth day in a row, bringing the nation’s caseload to 415,170.
The country also recorded 81 more deaths, taking the cumulative fatalities to 3,422. Enditem

Photo – A tuk-tuk car passes through a market in Bangkok, Thailand, Jan. 20, 2021. Thailand on Wednesday reported 59 cases of COVID-19 and one more death, according to the Center for the COVID-19 Situation Administration (CCSA). (Xinhua/Rachen Sageamsak)