Connect with us

Asia

ထိုင်းနိုင်ငံ၌ တစ်ရက်တည်း COVID-19 ဖြင့်သေဆုံးသူ ၁၀၀နီးပါးဖြင့် စံချိန်တင်မြင့်တက်ခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဈေးတစ်ခုတွင် ပစ္စည်းဝယ်နေသူများအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြင့် နေ့စဉ်သေဆုံးမှု စာရင်းအရ ဇူလိုင် ၁၅ ရက်တွင် ထပ်မံသေဆုံးသူ ၉၈ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူဦး ရေ ၃,၀၃၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။သေဆုံးသူ ၉၅ ရာခိုင်နှုန်းကျော်သည် ဧပြီလ အစောပိုင်းမှ စတင်ကာ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ထိုင်းနိုင်ငံ၌ တတိယလှိုင်းစတင်ခြင်း နှင့် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဆိုးရွားစွာ ပျံ့နှံ့ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ဇူလိုင် ၁၅ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၉,၁၈၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၇၂,၂၁၅ ဦး ရှိလာ ကြောင်း သိရသည်။

ကူးစက်မှုနှုန်းမြင့်မားသည့် Delta ဗီဇပြောင်းဗိုင်းရပ်စ် ပိုမိုပျံ့နှံ့လာခြင်းကြောင့် ထိုင်းနိုင်ငံ၌ ၇ ရက်အတွင်း နေ့စဉ်အတည်ပြုလူနာပေါင်း ၈,၀၀၀ ကျော် နေ့စဉ်ရက်ဆက် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

Thailand sees record COVID-19 death toll of nearly 100

BANGKOK, July 15 (Xinhua) — Thailand on Thursday reported a new daily record of 98 coronavirus deaths, raising the country’s total fatalities to 3,032, according to the data released by the Public Health Ministry.

More than 95 percent of the deaths have been recorded since early April, which marks the start of Thailand’s third wave and the country’s worst coronavirus outbreak so far.

The Southeast Asian country also reported 9,186 new COVID-19 cases on Thursday, taking the total infections to 372,215.

Due to the increasing spread of the more infectious Delta variant, Thailand has recorded more than 8,000 daily cases seven days in a row. Enditem